Leo0894 Dec 31, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal HAPPY NEW YEAR 2025 အားလုံးပဲနှစ်သစ်မှာ စိတ်သစ် ကိုယ်သစ်နဲ့ ဘဝရဲ့အောင်မြင်မှုပန်းတိုင်ဆီအရောက်လှမ်းနိုင်ကြပါစေ View 0 more replies
Leo0894 Dec 31, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal 2025 နှစ်သစ်မှာလည်း GG နဲ့ DD တို့နှင့်အတူ ပျော်ရွှင်နွေးထွေးစရာကောင်းတဲ့ အဝါရောင်အိမ်လေးထဲမှာ ချစ်ရတဲ့ လိပ်ကလေးတွေအားလုံး လှပတဲ့နှစ်သစ်တစ်ခုကိုပိုင်ဆိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ် မြန်မာနိုင်ငံအတွင်းမှာ အတူတကွ နေထိုင်နေကြတဲ့ တိုင်းရင်းသားပြည်သူများအားလုံးလည်း 2025 နှစ်သစ်မှာ စီးပွားတိုးတက်ခြင်း စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းခြင်းတွေနဲ့ပြည့်စုံပါစေလို့ တောင်းဆုပြုလိုက်ပါတယ် 2025နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသားအားလုံး အေးချမ်းသာယာပျော်ရွှင်နိုင်ပါစေ ❤❤❤ HAPPY NEW YEAR 2025 View 0 more replies
Leo0894 Oct 12, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal 2019 မှာကတည်းက China Bromance ဇာတ်လမ်းလေးရဲ့ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ သတင်းမွှေးလေးတွေကို စတင်ကြားဖူးနားဝရှိခဲ့တယ်။ GeGe DiDi ဆိုတဲ့ နာမ်စားလေးနှစ်လုံးကို ရုံးကညီမလေးနှစ်ယောက် စိတ်ဝင်စားစွာပြောနေတာကြားမိခဲ့ဖူးတယ် အဲ့အချိန်က ရုပ်ရှင်ဆိုဘာမှကြည့်ဖို့မအားလပ်တာမို့ အမှုမဲ့ အမှတ်မဲ့ဖြစ်ခဲ့ပေမယ့် 2022 work from home တွေလုပ်နေရချိန်မှာ FB သုံးရင် အဝါရောင်အိမ်လေး အကြောင်းပြန်တွေ့တော့ ဝင်ပြီးစပ်စုမိခဲ့ရာကနေ တန်ဖိုးထားရတဲ့လူသားနှစ်ယောက်ကို စတင်သိကျွမ်းခဲ့တယ် ဆုပေးပွဲတက်ရောက်နေတဲ့နှစ်ယောက်ကိုကြည့်ရင်း အရမ်းသိချင်လာမိတယ် အဲ့အချိန်ကစပြီး အရမ်းလှပနွေးထွေးတဲ့ နေရာလေးကို ရှာတွေ့ခဲ့ရာကနေ အချစ်တို့နှစ်ယောက်ကို လက်ခံယုံကြည်တဲ့သူတွေအတွက် world တစ်ခုဖန်တီးထားတာကို ထပ်သိခဲ့ရပြန်တယ် Wattpad ဆိုတဲ့ နေရာလေးမှာ တကယ့်အကြောင်းရာတွေလို အသက်ဝင်လွန်းတဲ့ ပုံပြင် ဇာတ်လမ်းတွေ ကျန့်ကော ရိပေါ်လေးတို့ကို ရည်ရွယ်ပြီး ဖန်တီးနေကြတယ်။ ကိုယ် ကိုယ်တိုင်လည်း အရမ်းစိတ်နှစ်ပြီး ချစ်မိတဲ့ Idol တွေ ဆိုရင် သူတို့ကိုယ်အတူတူ အများကြီးထပ်မြင်တွေ့မိချင်သူမို့ အရမ်းပျော်ရွှင်ဝမ်းသာမိပြီး Wattpad မှာရှိတဲ့ Yizhan Author များဟာ ကိုယ့်ရဲ့ မရှိမဖြစ်အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုတော့ ကိုယ်မသိခင်အချိန် ကိုယ်သိပြီးချိန်ကနေ ယနေ့အထိ Wattpad Author တို့ရဲ့ အခက်ခဲများစွာကိုလည်း ကြုံဖူးကြားဖူးခဲ့ပါပြီ စိတ်တွေလည်းအရမ်းမကောင်းဖြစ်ရတဲ့ တစ်ရက်ပြီး တစ်ရက် တိုးလာတိုင်း အခုဆို မိမိအရမ်းနှစ်သက်သဘောကျရတဲ့ ဇာတ်လမ်းလေးတွေ တန်ဖိုးထားရတဲ့ Author တွေဟာ တဖြည်းဖြည်း လျော့နည်းရင်း မရှိသလောက်ဖြစ်လာပြီ ကိုယ့်ရဲ့ စိတ်တို့ဖြည့်ဆည်းရာ နေရာ Wattpad လေးဟာလည်း တစ်နေ့တစ်ခြား ပိုပိုတိတ်ဆိတ် ခြောက်ကပ်လို့လာပါတယ် ရင်ဘတ်ထဲမှာ ဟာတာတာ ဖြစ်ပြီး ကျန်နေခဲ့ရတာ ဘယ်လိုဖြေသိမ့်ရပါ့မလဲနော်..... View 0 more replies
Leo0894 Sep 09, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal လူတွေများတကယ် အံ့ဩတယ် အံဩတယ် ရပ်ကွက်စရိုက်က အခုထိမပြောင်းလဲနိုင်ကြဘူး ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်မိဘနဲ့ကိုယ်နေတာတောင် အပေါ်ယံမြင်တာလောက်နဲ့ ေသာက်အားယားနေကြတော့ သူများကိုလိုက်ဝေဖန်ကဲ့ရဲ့ဖို့ပဲ တက်ကြတဲ့ သောက်အဖွားကြီးတွေချည်းပဲ လူတစ်ယောက်ကို စကားလည်းမပြောကြည့်ဖူးဘူး ပေါင်းသင်းတာလည်းမလုပ်ဖူးဘဲနဲ့ မြင်နေရတဲ့ပုံစံအနည်းငယ်ကိုပဲ ကြည့်ပြီး ပြောနေကြတဲ့ပါးစပ်တွေကို အိမ်သာထက်ကို ရွံတယ် ကိုယ်နေတာ ရပ်ကွက်ထဲတစ်နှစ်ကျော်ရုံရှိသေးတာ ကိုယ့်ကို ဒင်းတို့က ဝေဖန်နေလိုက်ကြတာများ သောက်လုပ်မရှိဘူးလားနော်။ ကိုယ်ကတော့ရှင်းတယ် မွေးကတည်းက အခုချိန်ထိ ဘယ်သူ့ကိုမှ အထင်မသေးတတ်ဘူး မကဲ့ရဲ့ဘူး သူများအကြောင်းလည်း လွန်ကဲစွာ စိတ်ဝင်စားဖို့ အချိန်ကိုမရှိခဲ့ဘူး ရွယ်တူပေါင်းတဲ့သူငယ်ချင်းဆိုလည်း နှစ်ယောက် အပြင်မပိုဘူး ရပ်ကွက်ထဲဆိုလည်း ကြီးကြီး ငယ်ငယ် လိုက်ပြီး အပေါင်းသင်းလည်းလုပ်ဖို့ အချိန်မရှိခဲ့ဘူး အဖေကနာတာရှည် လေဖြတ် ဦးနှောက်သွေးကြောပေါက်ခဲ့တဲ့အချိန် ကိုယ်ကရှစ်တန်းပဲရှိသေးတယ် ကိုယ့်အမေ မောင်လေးနဲ့အတူ ရုန်းကန်ရပ်တည်လာရလို့လေ။ အိမ်မှုအလုပ် အပြင်စျေးသွားကိုယ်မလုပ်ပေးဖြစ်ဖူး ဒါပေမယ့် ကိုယ့်မိသားစုအတွက် အလုပ်ကြိုးစားတယ် မိဘကို ပိုက်ဆံအကုန်ပြန်အပ်တယ် အခုအရွယ်အထိ မိမိအလှအပစိတ်မဝင်စားဘူး မုန့်သရေစာအပိုမစားဘူး ချစ်သူရည်းစား လုံးဝမရှိခဲ့ဘူး အဖေ့ဆေးဖိုး အမေ့ဈေးဖိုး မောင်လေးရဲ့ပညာရေး လူမူပေါင်းသင်းရေး ဆွေမျိုးအသိုင်းဝိုင်းရေးစတာတွေမှာတော့ တာဝန်ကျေခဲ့တာ ကိုယ့်ကိုကိုယ် အပြည့်ဝယုံကြည်တယ်။ နားနဲ့မဆန့်အောင် အတင်းပြောကဲ့ရဲ့တာတွေ ကြားရတာများလာတော့ ဟူး...... မနည်းစိတ်လျော့နေရတယ် လူတွေများ အလှပြင်တဲ့သူကျတော့လည်း ပြင်ဆင်တဲ့အပြစ်ပြောတယ် စန်းပွင့်လို့ ရည်းစားထားတတ်တဲ့အရွယ်ဆိုလည်းသူတို့ကဲ့ရဲ့ပြန်ရော ဆင်းရဲလည်းကဲ့ရဲ့ ချမ်းသာလည်းမနာလို မုဆိုးမလည်းကဲ့ရဲ့ အပျိုလေးဆိုလည်းဝေဖန် ကိုယ်လိုမဖြီးမလိမ်း မပြင်မဆင် အပြင်အလုပ်လုပ်နိုင်ပေမယ့် အိမ်အလုပ်မှာအပျင်းတစ်မိတဲ့ကိုယ်လိုလူကိုလဲ အတင်းတုပ်ကဲ့ရဲ့ကြတယ် အိုး... ကောင်းကြသေးရဲ့လားတော် View 0 more replies
Leo0894 Jul 14, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ဘယ်အရာမှ မတည်မြဲတာမှန်ပေမယ့်လည်း အဆိုးတွေခဏသာမြဲ၍ အကောင်းတွေသာကြာရှည်တည်တံ့ပါစေ။ မုန်တိုင်းတွေ အားလုံး ရပ်တန့်ပြီး လေပြည်လေညည်းတွေသာ ထာဝရ ယိမ်းနွဲ့နေနိုင်ပါစေ။ View 0 more replies
Leo0894 Jul 14, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal အဝါရောင်အိမ်လေးထဲက ချစ်ရတဲ့ အစ်မ ညီမလေးတို့ရေ အားလုံးပဲ ကျန်းမာနေကြတယ်မှတ်လား လက်ရှိ အချိန်ကာလအရ ပျော်နေကြရဲ့လားလို့ မေးရမှာ အားမရှိဘူးရယ် အားလုံးပဲ ဘယ်အရပ်ဒေသရောက်ရောက် မိသားစုနဲ့ အတူ ဘေးကင်းလုံခြုံပြီး ကျန်းကျန်းမာမာရှိနေကြပါစေလို့ဆုတောင်းပေးပါတယ်။ အခုလက်ရှိ အခက်ခဲတွေ အားလုံးရင်ဆိုင်ကျော်ဖြတ်နေရတာတွေလည်း အမြန်ပြီးဆုံးပြီး အမြန်ဆုံးအေးချမ်းရဖို့လည်းမျှော်လင့်ဆုတောင်းနေမိတယ်။ View 0 more replies
Leo0894 Jan 03, 2023 Report CommentLink to CommentCode of ConductWattpad Safety Portal 2023 မှာ အရမ်းကောင်းလို့သဘောကျနှစ်သက်မိသော ဇာတ်လမ်းများကို အနှောင့်ယှက်မခံရပဲ စာရေးသူများအားလုံးအစ အလယ် အဆုံးထိ ပြည့်ပြည့်စုံစုံ ရေးနိုင်ပါစေ စာဖတ်သူတွေလည်း ကောင်းကောင်းဖတ်နိုင်ပါစေ အားလုံးလည်းစိတ်ကျန်းမာ ကိုယ်ချမ်းသာကြပါစေ နှောင့်ယှက်မယ့်အရာများအားလုံးကို ကျော်ဖြတ်နိုင်ပါစေလို့ဆုတောင်းမျှော်လင့်ပါတယ် ဒီကမ္ဘာလေးထဲက ချစ်ရသူ အစ်မ ညီမတွေ နှင့်အတူ အမြဲအတူရှိချင်ပါတယ် နှုတ်ဆက်လိုက်ရတဲ့စာရေးသူတွေကိုလည်း အမြဲသတိရပြီး မျှော်နေပါမယ်နော်❤️ စာရေးသူများ၊စာဖတ်သူများ အားလုံး ပြည့်စုံကောင်းမွန်တဲ့နှစ်သစ်တစ်ခုကိုပိုင်ဆိုင်နိုင်ပါစေ View 1 more reply BjyxszdWang85 @Leo0894 Jan 25, 2023 • Reply Report CommentLink to CommentCode of ConductWattpad Safety Portal