@chankaisekai_618894 AOB ဆိုတာက သီးသန့်ရှိနေတဲ့အခြားကမ္ဘာတစ်ခု။အဲ့ဒီမှာအခြေခံလူတန်းစား သုံးရပ်ရှိတယ်
Alpha, Beta,Omega တွေဆိုပြီးရှိတယ်။
ဒီထဲကအမြင့်ဆုံးကတော့ Alpha ။Alpha ကသူ့ရဲ့ဖယ်ရိုမုန်းအနံ့နဲ့ထိန်းချုပ်တတ်တယ်။ဖိနှိပ်နိုင်တယ်။တစ်ချို့ Omega တွေကို
နိုင်ထက်စီးနှင်းလုပ်ကြတယ်။ခွန်အားရောလူအဖွဲ့အစည်းမှာရောအသာဆုံးဖြစ်တယ်။ရှင်းရှင်းပြောရရင် အခွင့်ထူးခံလူတန်းစားပေါ့။ပြီးတော့သူတို့ရဲ့ Rut ကာလမှာ Omega တွေကို
အမှတ်သားလုပ်တတ်ကြတယ်။အမှတ်သားလုပ်ခံထိတဲ့ Omega
က သူ့ရဲ့ Mate ဖြစ်သွားတယ်။တွဲဖက်ပေါ့။
Beta ကပုံမှန်လူ။Lix တို့လိုမျိုးသာမန်အကျဆုံးလူ။ဖယ်ရိုမုန်းလည်းမရှိဘူး။ကိုယ်ဝန်လည်းမဆောင်နိုင်ဘူး။ Omega ရော
Alpha ရောတွဲဖက်လုပ်နိုင်တယ်။
Omega ကတော့ AOB မှာသနားစရာအကောင်းဆုံးလူမျိုး။
အားလည်းနည်းသလို လူတွေကအထင်သေးကြတယ်။
ဖယ်ရိုမုန်းအနံ့သင်းပြီး Alpha တွေကိုမြူဆွယ်သူတွေလို့တောင်
ပြောဆိုကြတယ်။တစ်ခုခုဖြစ်ရင်တောင် ဘယ်လောက်ပဲ့မှန်ရင်
တောင် ဦးစားပေးမှုမရရှိကြဘူး။ Omega ဆိုတာသူတို့အတွက်
အာသာဖြေစရာ ဆော့ကစားစရာလို့သတ်မှတ်ထားကြတယ်။
ပြီးတော့ Omega တွေက ကိုယ်ဝန်ဆောင်နိုင်ကြတယ်။Heat
ဖြစ်နေတဲ့ကာလနဲ့ Alpha တွေ Rut ဖြစ်နေတဲ့အချိန် Sex လုပ်မိရင် ကိုယ်ဝန်ရသွားနိုင်။Heat ဝင်ရင်ဖယ်ရိုမုန်းတွေထွက်လာပြီး
အားနည်းလာသည်။Alpha တွေရဲ့ဖယ်ရိုမုန်းကိုလိုအပ်ကြတယ်။
ဒါကြောင့် တစ်ချို့ Omega တွေဆို ဖယ်ရိုမုန်းတားဆေးတွေ
သောက်ကြတယ်။
Emigma ကတော့ Lix သိပ်တော့မပြောတတ်ဘူး။အလွှမ်းမိုးနိုင်ဆုံးနဲ့ အကြီးတကာ့အကြီးဆုံးဖြစ်တယ်။ Alpha ကိုတောင်
ကိုယ်ဝန်ရအောင်လုပ်နိုင်ကြတယ်။ဖယ်ရိုမုန်းအနံ့ကအရမ်းပြင်းသလို စွမ်းအားလည်းကြီးကြတယ်။
ဒီထက်သိချင်ရင် တရုတ်ကားလေးကို(AOB Desire)ကိုကြည့်ကြည့်နော်။သိလာပါလိမ့်မယ်။အခုတောင် Lix သိသလောက်
လေးရှင်းပြထားတာ။မှားကောင်းမှားနေနိုင်တယ်။ဒါပေမယ့်
ပုံမှန်အားဖြင့်ဒီလိုမျိုးပါပဲ့။ဒါကြောင့် မှားသွားရင်လည်းစိတ်မရှိနဲ့။