အခုလဲ update တွေမလာနိုင်ဖြစ်နေတာပေမဲ့ အချ်ိန်တစ်ခုလောက်အထိ လီဝီ hiatus ယူပါဦးမယ်နော်။
ဒီနေ့အထိ စာမရေးဖြစ်တဲ့နေ့တွေမှာတောင် ‘စာရေးရဦးမယ် စာရေးရဦးမယ်’ ဆိုပြီး တစ်ကိုယ်တည်းတွေးမိနေတဲ့စိတ်က တွန်းအားကနေ ဖိအားလိုဖြစ်လာပြီး စာရေးရတာက ပျော်လို့ရေးတာမဟုတ်တော့ဘဲ တာဝန်တစ်ခုလိုကြီးခံစားလာရလို့ပါ။ စာရေးတဲ့နေရာမှာ စိတ်အားထက်သန်မှု တက်ကြွမှုတွေကိုလဲ ရှာမရတော့ဘဲ I feel like I’ve lost my spark in writing and if this continues in this way, I think I might stop writing forever. အဲ့ဒါကြောင့် စာရေးရဦးမယ်ဆိုတဲ့စိတ်တွေကိုအကုန်လွှတ်ချပြီး လီဝီ့ကိုပါ ဘဝထဲက ခဏထုတ်ထားပြီး သေချာလေး စိတ်လွတ်ကိုယ်လွတ်အနားယူမလို့ပါ။ အမြဲစောင့်နေပေးကြတဲ့သူတွေကို အားလဲနာရပါတယ်။ အသိမပေးဘဲ ပျောက်သွားရင် မလေးမစားလုပ်ရာကျမှာစိုးလို့ ရောက်လာခဲ့တာပါရယ်။
စာရေးခြင်းမှာ ပျော်ရွှင်ခြင်းအပြင် စိတ်အားထက်သန်တက်ကြွမှုတွေကို ပြန်ရှာတွေ့တဲ့အချိန် စိတ်သစ်လူသစ်နဲ့ လီဝီပြန်လာခဲ့ပါ့မယ်။ အချိန်တစ််ခုအထိတော့ နှုတ်ဆက်ပါတယ်နော်။ အစစအရာရာဂရုစ်ိုက်ကြပါရှင့် ❤️