လေးနှစ်လောက် ကြာပြီးမှ ပြန်ပေါ်လာတဲ့ လင်္ကာသွေးပါ။ ပြန်ပေါ်လာတာလည်း ဒီ field ထဲ ပြန်လာဖို့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေကအစ အခုဖြစ်နေတဲ့ကိစ္စကို အကုန် လာပြနေကြလို့ပါ။
ပြန်ပေါ်လာပြီး ဖြေရှင်းရင်လည်း အဆဲခံရမှာ သိပါတယ်။ ဒါပေမယ့် မဖြေရှင်းရင် ပိုဆိုးမယ် ထင်လို့ပါ။
လင်္ကာ ပြန်လာဖို့ စိတ်ကူးမရှိပါဘူး။ အခု "မဟာ"ကို ပြန် up နေတာ ဘယ်သူလဲလည်း မသိပါဘူး။ သက်ဆိုင်ခြင်းလည်း မရှိပါဘူး။ ဒီ account ကလွဲရင် အခြား ဘယ် account ကမှ လင်္ကာ မဟုတ်ပါဘူး။ သူတို့ကို သိလည်း မသိပါဘူး။ မျှော်နေတဲ့သူတွေကို အားနာပေမယ့် ဘယ်တော့မှ ပြန်မလာပါဘူးလို့ပဲ ပြောချင်ပါတယ်။
ကိုယ့်ရဲ့လုပ်ရပ်အတွက် တာဝန်ယူမှုတာဝန်ခံမှု ရှိရမယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ဒီတစ်လျှောက်လုံး ပြန်မလာခဲ့တာပါ။ ဒီစာတင်ပြီးတာနဲ့ တန်းပြီး logout လုပ်မှာပါ။
ကြိုက်သလောက် ဆဲလို့ရပါတယ်။ ဒါပေမဲ့ အခုလိုကြီး လင်္ကာ အယောင်ဆောင်တာတော့ မလုပ်ပါနဲ့။ နဂိုကတည်းက ရစရာမရှိအောင် အဆဲခံနေရတဲ့သူပါ။ ဒီထက်ပိုပြီး အခြေအနေ ဆိုးအောင် မလုပ်ပါလို့ တောင်းဆိုချင်ပါတယ်။
လင်္ကာသွေး
Jan 20, 2025.
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••