LinnLett4334

အရင်​တုန်းကလိုမျိုး စိတ်​​တွေညစ်​ညူးလာတိုင်း ​ကော်​ဖီခါးတစ်​ခွက်​နဲ့ရှင်းထုတ်​လို့မရ​တော့ဘူး ရင်​ထဲကအပူသက်​သာလိုသက်​သာငြား ခိုက်​ခိုက်​တုန်​​နေတဲ့ရာသီဥတုကြီးမှာ ​ရေ​အေး​တွေပဲနာနာဖိ​သောက်​​နေလည်း လည်​​ချောင်း​တွေကြပ်​ခဲလာတာပဲအဖတ်​တင်​တယ်​ ဟားးး ဒီအပူ​တွေကလွတ်​​မြောက်​ပါရ​စေ....

တအားပင်​ပန်း​နေပြီ တစ်​​နေကုန်​ ဘာမှမဖြစ်​သလိုအားတင်း​နေလဲ ခုလိုချိန်​ဆိုစိတ်​ထဲဝင်​လာတာဘယ်​လိုမှထုတ်​လို့မရ​တော့ဘူး မဟုတ်​ဘူးလို့ကိုယ့်​ကိုကိုယ်​လိမ်​​နေလည်း အမှန်​တရားက​ပြောင်းလဲသွားတာမဟုတ်​​တော့ ရူးချင်​လာတယ်​ အစ်​ကို Jongdae​ရေ ပုံခနဲ လဲပြိုမသွား​အောင်​ဘယ်​​လောက်​​တောင်​အားတင်း​နေရတယ်​ဆိုတာ ခံစားရသူအချင်းချင်းမှစာနာနိုင်​မှာ ဒီစိတ်​ဆင်းရဲမှုကြီးက​နေဘယ်​​တော့မှလွတ်​​မြောက်​နိုင်​မှာလဲ...