Light_ZhanYi
ဒေါ်လွန်း Tele accပေးပါအုံး
KhunMoe559
မင်းရေးတဲ့ စာလေးတွေကို အခုမှတွေ့လို့သဘောကျမိပါရဲ့ လွန်းငယ်။
ကိုယ်လည်း ကျောင်းသုံးနှစ်နီးပါးထိ နားခဲ့ရပြီး စစ်ပွဲတွေ သေနတ်သံတွေ ဗုံးသံတွေနဲ့ အတူနေခဲ့ရသူပေါ့။ အပြင်ကျောင်းအနေနဲ့ ပြန်ဖွင့်လို့ grade-9 သင်ရိုးဟောင်းနဲ့ တက်နေစဉ် အဆင့် တစ် အဖြစ် ဝင်သူဖြစ်ပေမယ့်လည်း ငြိမ်းချမ်းစွာ စာသင်ခွင့်မရှိတော့တဲ့ ကိုယ့်ရွာက ကျောင်းမှာ ကိုယ်မပျော်ခဲ့တော့ပါဘူး။ ဒါကြောင့် အဆင့်တွေလည်း ဂရုမစိုက်တော့ဘဲ ပိုက်ဆံရှာဖို့သာ ကျောင်းထွက်လာခဲ့ပါတယ်။ မိဘတွေက ကျောင်းဆက်တက်ခိုင်းသော်လည်း ကိုယ့်ရွေးချယ်တဲ့ လမ်းကိုပဲ ဆက်လျှောက်လာခဲ့ပါတယ်။ လုပ်ငန်းခွင် ဝင်ရတဲ့ ကိုယ့်အတွက် စာကြည့်တိုက်တွေနဲ့ အလှမ်းဝေးသွားပြီမို့ မင်းရေးတဲ့ စာလေးမြင်တော့ ကိုယ် စာအုပ်တွေကို သတိရပါတယ်လေ။ စစ်ပြေးအနေနဲ့ ကြုံခဲ့ရတဲ့နေ့တွေ အိမ်ထဲကနေ ထွက်ချိန်မရှိတော့လို့ ရဟတ်ယာဉ်နဲ့ ဗုံးကြဲချိန်တွေမှာ စက္ကန့်တိုင်း သေဖို့ စောင့်နေမိသူလို ခံစားရပါတယ်။ စာတွေကို ကြိုတင်ကျက်ထားပါသော ကိုယ်က စာသင်ရချိန်မှာ မပျော်တော့တာ ခေတ်ဆိုးရဲ့ အဆိုးစိတ် ဝင်သွားတယ် ထင်ပါရဲ့။ ငွေက အဓိကလို့ မြင်တွေ့နေမိတဲ့ ကိုယ်က မင်းပြောတဲ့ မင်းသူငယ်ချင်းတွေလို ကိုယ့်သူငယ်ချင်းတွေလည်း အိမ်ထောင်သားမွေးပြုကုန်ကြပေမယ့် ကိုယ်ကတော့ စိတ်မဝင်စားမိပါဘူး။ မပြိုင်ကောင်းသလို ကိုယ်ကတော့ ငွေတစ်လုံးသာ မြင်မ်ိရဲ့လေ။ ငွေနောက်လိုက်တာဟာ မှားတယ်ပြောကြပေမယ့် ခေတ်ပျက်ထဲမှာ ငွေဟာ အဓိကမို့ ငွေရှာတဲ့ ကိုယ် မှားပါသလား။
လွန်းငယ် ဘယ်လိုမြင်ပါသလဲ။
က်ုယ်က ထင်မြင်ချက်လေး ယူရုံပါ။ စိတ်ရင်းနဲ့တွေးပြီး ဖြေစေချင်ရဲ့။
အချိန်အများကြီး မရှိတဲ့ ကိုယ့်အတွက် လွန်းငယ်ဘက်က အချိန်ပေးနိုင်ရင် ကိုယ်ဖတ်ဖို့ အခုလို စာလေးတွေ ရေးစေချင်ပါတယ်။
လွန်းငယ်နှစ်သက်တဲ့ စာအုပ်ထဲက ဖြစ်စေ လွန်းငယ်ရဲ့ အတွေးမြင်တချို့ဖြစ်စေ ဆက်ရေးထားပေးနိုင်ပါရဲ့လား။ ကိုယ်က အခုလိုစာလေးတွေကို သဘောကျတတ်သူမို့ပါ။
Wp မှာက စိတ်ကူးယဉ် fic တွေပဲ များနေလို့ပါလေ။
ကဲ..တော်သေးပါပြီ။
ရှည်လွန်းတဲ့ စာကြောင့် စိတ်မပျက်စေချင်ပါ။
ခွန်မိုး မှ။
Loon_92
@KhunMoe559 တကယ်တော့... Loon ရဲ့ စာလေးတွေက... BL Fics GL Fics Normal Fics လိုမျိုးမဟုတ်ဘဲခွန်းအားဖြစ်စေတဲ့စာမျိုးလေးတွေဆိုတော့..Viewer လည်းသိပ်မရှိလောက်ဘူးလို့တွေးထားပြီးသားပါ... ဒါပေမယ့်ကျောင်းကသူငယ်ချင်းတွေကတော့အကုန်လုံးလာဖတ်ပေးကြပါတယ်... Loon ကတော့ Loon ရေးတဲ့စာ.. Loon ဖတ်ပြီးသဘောတွေကိုကျနေမိတာပါဘဲ... ဘာဘဲဖြစ်ဖြစ် Khun ပြောသလိုဆိုရင်တော့အတတ်နိုင်ဆုံးစိတ်ရင်းနဲ့ကြိုးစားပေးပါ့မယ်ရှင်... ပြီးတော့ Loon ပြောချင်တာတစ်ခုကတော့... ကိုယ်ယုံကြည်တဲ့လမ်းကိုရဲရဲဆက်လျှောက်ပါ.. ပင်ပန်းလာရင်တော့လွှတ်ချသင့်ရင်.. လွှတ်ချရမှာပေါ့..ပြီးတော့.. ငွေနောက်လိုက်တာမမှားပါဘူး.. ငွေဆိုတဲ့အရာဟာမဖြစ်မနေလည်းလိုအပ်နေတဲ့အရာမို့လို့... ရှာကိုရှာဖွေသင့်ပါတယ်.. အရမ်းကြီးတော့..လောဘစိတ်နဲ့လိုချင်စိတ်တော့မထားသင့်ပါဘူး.. Loon လည်းမိဘလုပ်စာ.. အချိန်တန်ရင်သူများလုပ်စာထိုင်မစားချင်တဲ့သူမို့... မိန်းကလေးတစ်ယောက်ဖြစ်သော်ငြား... ကြီးလာရင်ပိုက်ဆံကိုရှာနိုင်သလောက်ရှာဖို့ကိုဘဲခေါင်းထဲထည့်ထားပါတယ်.. ဒါ့ကြောင့်ပညာကိုဘယ်လိုအခြေအနေဘဲဖြစ်ဖြစ်ကြိုးစားဖို့ရွေးချယ်လိုက်တာပါ.. အခက်အခဲဆိုတာလည်းကျော်ဖြတ်လိုက်နိုင်မှပြီးမှာပါ...ဒီတိုင်းထိုင်တွေးပြီးမလုပ်ရဲနေလို့ကတော့.. ကိုယ့်ကိုအမြဲအစဥ်စိုးရိမ်စိတ်တွေနဲ့နှိပ်ဆက်နေမှာဖြစ်ပြီး...နေထိုင်ရတဲ့ဘဝမှာပျော်ရွှင်နိုင်မှာမဟုတ်တော့ပါဘူး...သက်ရှိရယ်လို့ဖြစ်လာရင်.. ဘယ်သူမဆိုအခက်အခဲဆိုတဲ့အရာနဲ့ကြုံတွေ့ဖူးကြသူချည်းပါ... ဒါကြောင့်...အမြဲတမ်းစိတ်ဓာတ်ခိုင်မာပါ... ပြီးတော့အမြဲတမ်းဘေးကင်းပါစေ Loon
•
Reply