မျှော်လင့်ချက်ပေးရတာမကြိုက်သလိုလူတွေအပေါ်မျှော်လင့်ချက်လည်းမထားချင်ဘူး။နာကျင်စေဖို့ရည်ရွယ်ချက်မရှိပါသလိုနာကျင်နေရတာလည်းမဖြစ်ချင်ဘူး။ခံစားချက်တွေပျောက်သွားတဲ့အထိဖိအားပေးခံရတိုင်းပေးတဲ့လူထက်ငါ့ကိုယ်ငါပိုမုန်းမိတယ်။ ငါအသက်ဆက်ရှင်ချင်တယ်ငါ့မိသားစုဆိုတဲ့နှောင်ကြိုးလေးကြောင့်။ဒါပေမယ့်ငါသေချင်နေပြန်တာလည်းခဏခဏပဲသေဖို့လည်းကြိုးစားဖူးတာပဲ။မေမေဖေဖေကိုကိုဆိုတဲ့အသိစိတ်သာမရှိခဲ့ရင် ငါသေသွားခဲ့တာကြာပေါ့။လူကိုအကြိမ်ကြိမ်သတ်လို့အားမရကြလို့ စိတ်ကိုအကြိမ်ကြိမ်သတ်ကြတယ်။သေရတာလည်းမောနေပြီ ငါပင်ပန်းနေပြီ။ငါမွန်းကျပ်တယ်။ငါစိတ်ကသေနေသလိုပဲ ဘာမှမရှိလောက်တော့အောင်ခံစားနေရတယ်။ငါငါ့ကိုယ်ငါတောင်မချစ်နိုင်တော့သလိုပဲ။ငါဘုရားသခင်ထံမှာ ဆုတောင်းဖြစ်တိုင်းလည်းဆုတောင်းတိုင်းကငါ့မိသားစုငါမရှိတော့တဲ့အချိန်မှာတောင်ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ရယ်မောနေနိုင်ကြပါစေလို့ပဲဆုတောင်းဖြစ်တော့တယ်။ငါငါ့ကိုယ်ငါအဆုံးမဲ့ပျောက်ဆုံးနေပြီ။ငါလက်လျှော့လိုက်ချင်ပြီ။ဒီကြိုးတွေကိုတင်းတင်းဆွဲမထားချင်တော့ဘူး။ငါဆွဲမှမြဲမယ့်ကြိုးတွေကိုလည်းလွှတ်ပေးလိုက်ချင်ပြီ။
- Ingapu burmar
- JoinedMarch 17, 2024
Sign up to join the largest storytelling community
or
Story by Loon Yate
- 1 Published Story
တစ်နေ့တာအလုပ်
4
1
1
တကယ်လို့များ တစ်စုံတစ်ယောက်ရဲ့ သောကဝေဒနာကို သက်သာစေအောင် ဆောင်ရွက်ပေးနိုင်သည်ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ဦးရဲ့ဘဝအမော...
18 Reading Lists
- Reading List
- 182 Stories
- Reading List
- 160 Stories