Manato-Shinya

Hello mina san !
          	
          	ဘာမှမဟုတ်ပါဘူး ဟီး ဒီတိုင်းလေး လွမ်းလို့ ။ အားလုံး နေကောင်းကြတယ်ဟုတ် ။ အများကြီး နေကောင်းပြီး အများကြီး အဆင်ပြေပြေနဲ့ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြဖို့ မျှော်လင့်ပါတယ် ။ ကျွန်တော်လည်း တနေ့တနေ့  အလုပ်များလိုက် စိတ်ကျလိုက် စိတ်ဓာတ်တက်ကြွသွားလိုက် ကြိုးစားမယ်ဆိုပြီး ဖြစ်လိုက် ဒုံရင်းဖြစ်သွားလိုက်နဲ့ ဖြတ်သန်းနေပါတယ် ^v^ ! မပြီးပြတ်သေးတဲ့ ကျွန်တော့် ဝတ္ထုလေးတွေကိုလည်း အမှတ်ရတယ် ။ အရင်က စာတွေ ဆက်တိုက်ရေးနိုင်ခဲ့တဲ့ အချိန်တွေကို လွမ်းမိတယ် ။ အခုတော့ တစ်လတစ်ပိုင်းလောက်တော့ up နိုင်အောင် ပြန်ကြိုးစားနေပါတယ် ။ sakura လေး မဆက်နိုင်သေးပေမဲ့ ယာခူဆာကလေး(My little Monster) တော့ ကြိုးစာuးpနေပါတယ် ။ လမ်းကြုံရင် ဝင်ဖတ်ကြည့်ပါဦး ဟဲဟဲ ဒါကတော့ ကြားထဲက ကြော်ညာပါ LOL ။ 
          	
          	အားလုံး အမြဲတမ်း ပျော်ရွှင်ကျန်းမာနေစေဖို့ ဆန္ဒပြုပါတယ် ။ 
          	
          	သင်တို့ရဲ့ ချစ်လှစွာသော
          	
          	Shinya ❤️
          	

Manato-Shinya

@Orenji_iro arigatou ne miss you too မွချိ❤️
Ответить

Light-06

Hello~ Shinya ရေ။
          
          နေကောင်းကျန်းမာပါရဲ့လား။ မှော်ဆရာလေးဆီ အလည်ရောက်တိုင်း Shinya ကိုလည်း အများကြီးလွမ်းမိတာပဲကွယ်။ ဒီနေ့လူက အဖျားဝင်နေတော့ Shinya ကို ပိုသတိရမိတယ်။ ဒီလိုနဲ့ ဒီစာလေးလာရေးဖြစ်သွားတာပါပဲ။ Shinya ကိုတော့ဖြင့် နေ့ရက်တိုင်းမှာ စိတ်ကလေးပျော်ရွှင်အေးချမ်းစေချင်ပြီး နေကောင်းကျန်းမာစေချင်ပါတယ်။ အစစအရာရာဂရုစိုက်ပါကွယ်။
          
          

Manato-Shinya

နေကောင်းကျန်းမာပါတယ် ။ မကြာခဏ လာလည်လို့လည်း မှော်ဆရာလေးက ပျော်ရွှင်နေပါတယ် ။ လူသားလေး အမြန်ဆုံး အဖျားပျောက်ပြီး လန်းဆန်းကျန်းမာပါစေနော်တဲ့ ။ မှော်ဆရာလေးက မန္တာန်တွေ ပေးပို့လိုက်ပါတယ် ။ အမြဲ ပျော်ရွှင် ကျန်းမာစေဖို့ပါ ။ 
            
            ဒီကShinya ကတော့ Light san ရဲ့ ဆုတောင်းကြောင့် အများကြီး ပျော်ရွှင်ရပါပြီ ။ မွချိ အများကြီး ပြန်ပေးပို့လိုက်ပါတယ် ❤️❤️❤️❤️❤️❤️❤️❤️ 
Ответить

GeGe8894

Kai နဲ့ Chanyeol ficလေးမရှိတော့ဘူး ပြန်တင်ပေးပါလား :"( Kaiက တောတွင်းသားလိုလေ Chanyeolကကျတော့ ဆရာထင်တယ် 

Manato-Shinya

ဟုတ် အဲဒါလေးက uni လည်း မပြောင်းရသေးတာလားမသိ ကျွန်တော် အချိန်အားတဲ့အခါကျ လုပ်ပေးပါမယ်နော်
Ответить

readeryoon8

Happy Birthday kokonoe sama အရမ်းသတိရတယ်။‌ဒီနှစ်တွေထဲ birthday wish လာမလုပ်ပေးဖြစ်တဲ့ ဒီလူသားကို ခွင့်လွှတ်ပေးပါအုံးနော်။အသက်တွေကြီးလာတယ်။အနားယူချိန်တွေနည်းလာတယ်။မရင့်ကျက်ချင်ပဲ ရင့်ကျက်လာရတယ် kokonoe sama ရယ်။အခုချိန် ဒီအတိုင်း kokonoe sama ကို စချစ်ခဲ့ဖူးတဲ့ ဆယ်ကျော်သက်လေးအရွယ်ပဲပြန်ရောက်ချင်တော့တာပါပဲ။အခုတော့ ၂၃နှစ်တောင် ဖြစ်သွားပြီ။အဲ့မှာ Iori နဲ့ဘာတွေများလုပ်နေမလဲဟင်။သတိရလိုက်တာ။တောအုပ်လေးထဲကို အိပ်မက်ထဲကနေပဲဖြစ်ဖြစ် တစ်ခေါက်လောက် ရောက်ဖူးချင်တယ်။Kokonoe sama အရမ်းသတိရတယ် အရမ်း အရမ်း နင့်နေအောင် သတိရတယ်။ Happy Birthday ပါနော်။ အရမ်းချစ်ပါတယ်။ ဘာလို့လဲမသိ မျက်ရည်ပါဝဲ :(

Manato-Shinya

ဆုတောင်းကို ဖတ်ရပါပြီ လူသားလေး ယွန်း ။ Birthday wish လုပ်ပေးထားတဲ့ ဒီဆုတောင်းစာကို တခြားစာလိပ်တွေကြားကနေ အရင်ဆုံးယူဖတ်လိုက်တယ် ။ မျက်နှာလိုက်တာတော့ မဟုတ်ဘူး ။ သူ့မေတ္တာ ကိုယ့်မေတ္တာပေါ့ အဟမ်း ။ အသက်ကြီးလာလို့ အနားယူချိန်နည်းလာတာတော့ အမှန်ပဲ လူသားရေ ။ ငါ မြေခွေးကြီးတောင် ဖတ်ရတဲ့ ဆုတောင်းစာတွေ ပိုပိုများလာတာ တစ်နှစ်ထက် တစ်နှစ်ပဲ ။ ရင့်ကျက်လာတာ ကောင်းပါတယ် ။ ရင့်ကျက်လာရင် ပင်ပန်းစရာတွေ များလာတယ် ဆိုပေမဲ့ တာဝန်ယူနိုင်တာတွေလည်း များလာတာပါပဲ ။ တကယ်က ကိုယ်အရင်က ကလေးဘဝကထက် ပိုလုပ်နိုင်လာနေတာပါ ။ ဒီလူသားလေးလည်း အချိန်တွေ မအားတော့လို့ ပင်ပန်းနေတယ်ဆိုပေမဲ့ အရင်ထက် အများကြီး လုပ်နိုင်လာတာတွေ ရှိနေမှာပါ ။ စိတ်မညစ်နဲ့ ပင်ပန်းနေတုန်းခဏ နွမ်းနယ်နေပေမဲ့ အရင်အတိတ်ကို ပြန်ကြည့်လိုက် အများကြီး ကျော်ဖြတ်လာခဲ့ပြီးပြီပဲဟာ ။ ရှေ့ကိုလည်း ဒီတိုင်းလေးသာ လျှောက်သွားလိုက်ပါ ။ ပိုပြီးကောင်းမွန်တဲ့ ဘဝက စောင့်နေပါတယ် ။ အားလုံး အဆင်ပြေသွားမှာပါ ။ ဒီဆုတောင်းစာကို အခုစိတ်ထဲ မျှော်လင့်နေတဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ အမှန်ခြစ်ပြီး  ဟိုအဘိုးကြီး Izanai sama ဆီ ပို့ပေးလိုက်ပါပြီ ။ 
            
            p.s တောအုပ်ကတော့ မေပယ်တွေ အရောင်ပြောင်းနေပြီ ။ ဟိုရူးကြောင်ကြောင် လူသားကောင်လေး Iori ကတော့ အဲ့အပင်တွေအောက်မှာ ပျော်နေလေရဲ့ ။ ဘာတွေသဘောကျရတယ်မသိဘူး ။ သူ့လည်း သိပ်အာရုံမရှိပါဘူး ။ တနေ့တနေ့ သူ့ဝတ်ရုံ တက်နင်းမိပြီး ကန်ထဲ ချော်ကျမှာပဲ လိုက်ကြည့်နေရတယ် ။ လူသားတွေ ခက်တယ် ။ အားနည်းတယ် ။ ထိခိုက်ကျိုးပဲ့လွယ်တယ်  ဟမ့် ။ 
Ответить

readeryoon8

ဖြစ်ချင်တာတွေ ဖြစ်မလာတော့ ဒီလူသား အရမ်းခက်ခဲနေပါတယ် kokonoe sama ရေ။စိတ်ထဲမှာ kokonoe sama ကို ဇာတ်ကောင်တစ်ခုထက်ပိုရပါတယ်။ခက်ခဲလာတဲ့အချိန်မှာလည်း အားကိုးတကြီးလာပြောပြချင်တယ်။kokonoe sama အကြောင်း တွေးမိတာနဲ့တင်ကို အားတွေလည်းပြည့်လာသလိုပါပဲ။ kokonoe sama က ယွန်းအတွက် အဲ့သလို ဖြစ်တည်မှု ...
Ответить

Flavour_Poof

- 203759
           Yo @Manato-Shinya, found something cool and free, thought you might enjoy it link is down ↓

Manato-Shinya

ဒါလေးက ဝင်ကြည့်လို့မရဘူး ဖြစ်နေပါတယ် ။
Ответить

sorasky123

လွမ်းပါတယ်...ပုံပြင်တွေကိုဘယ်မှာလာနားထောင်ရမလဲကွယ်

Manato-Shinya

ပုံပြောသူ Kokonoe sama တောအုပ်ထဲ သွားခိုအောင်းနေလို့ပါ ။ 
Ответить

Missdragongate

October ရောက်ပြီဆိုတော့ Kokonoeတို့တောအုပ်လေးဆီ ပြန်ရောက်လာခဲ့ပါပြီ

Manato-Shinya

ကြိုဆိုပါတယ် ❤️
Ответить

Achanm_7

အလည်ရောက်ခဲ့သည်။

Manato-Shinya

ပြန်လာလည်ခဲ့ပြီ ဟဲဟဲဟဲ 
Ответить

htethtet2151990

သတိရတယ်ဘယ်ပျောက်နေလဲ

Manato-Shinya

မြေခွေးကြီး တောအုပ်ထဲမှာ သွားခိုအောင်းနေတာပါ 
            
            အိုမို အိုမို XD
Ответить

Bobohu_9201

Senpai ကိုဒီမှာမတွေ့ရတာတောင်ကြာပီဟူးး

Manato-Shinya

အခု ပေါ်လာပါတယ် အယ်လယ် ဟီး
Ответить

MyuHninLwar

သတိရတယ် 

Manato-Shinya

အများကြီး သတိရပါတယ် 
Ответить