Mantou_bun
မင်္ဂလာပါ။ ပေါ်တော်မူ မမ မန်ထိုပေါက်စီလေးပါ။ အရင် နာမည် jillyviv လေးကနေ စာတွေရေးခဲ့ပြီး Hunhan fic လေးဖြစ်တဲ့ Hello I’m Luhan နဲ့ မမကို သိတဲ့သူတချို့ ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာ Mantoubun ဆိုတဲ့နာမည်နဲ့ OC fic လေး အချို့ ရေးခဲ့ပေမယ့် ဇာတ်သိမ်းခြင်းမရှိခဲ့ပါဘူး။ အခုပြောပြမှာကတော့ ဒီမမရဲ့ စာဆက်မရေးနိုင်တဲ့ အကြောင်းကိုပါ။ မမမှာ ဘာမှန်းမသိတဲ့အကျင့်ဆိုး ရှိနေပုံ ရပါတယ်။ အဲ့ဒါကတော့ ဇာတ်မသိမ်းနိုင်ခြင်းပါပဲ။ ဟုတ်ပါတယ် ကျွန်မ ဇာတ်သိမ်းခန်းကို မရေးနိုင်ပါဘူး။ ရေးခဲ့မိရင်လဲ Happy Ending မဖြစ်ပါဘူး။ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ အတူ စာတွေဆက်မရေးဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ စာတွေကိုလဲ ဆက်မရေးနိုင်တဲ့ အခြေအနေမို့ အားလုံးနားလည်ပေးစေချင်ပါတယ်။ ကျွန်မ စာရေးတာ အဖြစ်မရှိပေမယ့်လည်း ဝါသနာထုံပါတယ်။ Supernatural ဆန်တဲ့ Plots တွေနဲ့ ပုံမှန်မဟုတ်တဲ့ Plotsတွေ ခေါင်းထဲက စီထွက်နေပေမယ်လည်း စာတွေမရေးတော့ဖို့ ဆုံးဖြတ်ချက်ချမိပါတယ်။ အတိုင်းအတာ တစ်ခုအထိပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး ကိုယ့်အရေးအသားအပေါ် ယုံကြည်ချက်ရှိလာတဲ့တစ်နေ့ စာတွေသေချာပြန်ရေးပါမယ်။ အခုချိန်ထိ မမရေးတဲ့စာတွေ နှစ်ခြိုက်၊သဘောကျပေးတဲ့ ကလေးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်။ The Light of Ego Comic book လေးကိုလည်းဖြစ်မြောက်အောင် လုပ်ဖို့ ယုံကြည်ချက်လဲ မရှိတော့တဲ့အတွက် Cancel ပါမယ်။ ဒီအတွက်လည်း အနူးအညွှန့်တောင်းပန်ပါတယ်။ နောက်တစ်ခုကတော့ တင်ထားတဲ့ Story အကုန်လုံးကိုလဲ unpublished လုပ်ဖို့ စဉ်းစားထားပါတယ်။ အနူးအညွှန့်တောင်းပန်ပါတယ်။
LuKrisHun
@Mantou_bun un တော့ မ un ပါနဲ့နော် Hello it's that luhan လေးကို ပြန်ပြီး publish လုပ်ပေးပါလားဟင် အရမ်းချစ်ခဲ့ရတဲ့ Hannie လေးပါ မိုနိုနိုတို့ ကာကာနိုတို့ဆို Hannie လေးကြောင့် ကိုယ်တောင် တစ်ခါတလေ အဲ့လိုလိုက်ပြောမိတဲ့အထိ ချစ်ဖို့ကောင်းခဲ့တာပါ fic လေးကလဲ အရမ်းချစ်ဖို့ကောင်းလွန်းလို့ အခုချိန်ထိမမေ့သေးပါဘူး hannie လေးကို marrying with Ex ဆိုလဲ အဆုံးမသတ်ရသေးပေမယ့် အခုချိန်ထိ ပြန်ပြန်ဖတ်နေတာပါ ဆက်မရေးချင်လဲရပါတယ် un တော့မ un ပါနဲ့နော်
•
Reply