MayNge9
Link to CommentCode of ConductWattpad Safety Portal
စိတ်ဝိညာဥ်တွေ မြှုပ်နှံလိုက်ဖို့ထိ
မတန်လိုက်တာလို့ အကြိမ်ကြိမ်ကြွေးကြော်ပြီး
အိမ်မက်တွေထဲ တစ်ခါတစ်ရံမှ
အလည်လာတတ်တဲ့ဧည့်သည်ကို
ကိုယ့်မယ် တစ်ခုတ်တစ်ရကျေးဇူးတင်ရ
ဒီလိုပါဘဲ အကြောတင်းတဲ့သူတွေဟာ
လူမမြင်တဲ့နောက်ကွယ်မှာကျ
ပြိုလဲကြတာ အလဲလဲ အကွဲကွဲ.......
MayNge9
ကျွန်တော်တို့ဘဝတွေဟာ ပြေးလမ်းအသီးသီးမှာ
ပြေးလွှားနေကြတာကို တစ်ဦးနဲ့တစ်ဦး မကူညီချင်နေ
တစ်ခြားသူလဲကျသွားအောင် ခြေထိုးမခံသင့်ဘူးမလား
မဖေးမချင်နေ မနှောင့်ယှက်သင့်ဘူးမလား
လူတိုင်း ဘဝအမောကိုယ်စီနဲ့ပါဗျာ
ကိုယ်ပန်းတိုင်ကို အချိန်မှီရောက်ဖို့ ပြေးရတာတစ်မျိုး
မလိုလားအပ်တဲ့ အနှောင့်ယှက်တွေကြောင့်
ဖြေရှင်းဖို့ အချိန်ပိုယူရတာတစ်မျိုးဆို
ပန်းတိုင်ကိုယ်စီကို အချိန်မှီရောက်နိုင်ပါ့မလား
မေတ္တာဆိုတာ ထားတတ်ရင် အေးချမ်းပါတယ်ဗျာ ❣
MayNge9
ဒီနေ့ စိတ်ရှုပ်ရှုပ်နဲ့ အဝတ်ဗီဒိုရှင်းဖြစ်တော့ တစ်ချို့အဝတ်တွေက
ကိုယ်ဝတ်လို့မရတော့ပေမဲ့ သိမ်းထားတဲ့အဝတ်တစ်ချို့တွေ့တယ်
အတွဲစပ်မရှိ ဝယ်မိပြီး သူ့အတွဲစပ်စောင့်နေတဲ့ အဝတ်တချို့လည်းတွေ့တယ်
ဝတ်ပါများပြီး ပုံပျက်နေတဲ့ အဝတ်တစ်ချို့ကိုလည်း ပြန်တွေ့တယ်
ခန္ဓာကိုယ် ဝိတ်အတက်ကျကြောင့် ပိန်သွားရင် ပြန်ဝတ်မယ်နဲ့
သိမ်းထားတဲ့အဝတ်တစ်ချို့လည်း ရှိပြန်တယ်
အမှတ်တရလက်ဆောင်ပေးထားကြတဲ့ အဝတ်တွေကို မြင်ပြန်တော့
ပိုင်ရှင်တွေကို အမှတ်ရနေပြန်ရော
သိမ်းထားဖြစ်တဲ့အဝတ်တွေဟာ ဝတ်ဖြစ်တာလည်း မဟုတ်ဘဲ
ဘယ်တော့မှ ဘယ်ချိန်မှနဲ့ အကြောင်းပြချက်တွေသာ မထပ်အောင်ပေးနေတာ
တကယ်တမ်းကျ ဝတ်ဖြစ်တာလည်း မဟုတ်ဘူး
အဝတ်တွေရှင်းနေရင်း အတွေးစတွေဟာ ပျံ့နှံ့နေတော့ သူတို့နောက်လိုက်ရင်း
လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း ပြန်အဆင်ပြေမလားဆိုပြီး
ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေကို မျှော်လင့်နေကြတယ်
ကိုယ်နဲ့ မအက်စပ်ပါဘဲ အတင်းတွဲဖက်ချင်တဲ့ အတွဲအစပ်တွေကို ဖက်တွယ်ရင်း ရင်မောကြရတယ်
အချိန်တွေအတော်ကြာ ပေါင်းသင်းဆက်ဆံမှ အကြောင်းသိပြီး တစ်ယောက်နဲ့တစ်ယောက်
ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေလည်းရှိတယ်
ဒီလူကတော့ ဘယ်တုန်းက ကိုယ့်ကို ကူညီတာ ကိုယ်ကျရှုံးချိန်
ဘယ်လိုတွေ အားဖြစ်စေခဲ့တာဆိုပြီးအမှတ်ရနေတဲ့ လူတစ်ချို့လည်း ရှိပြန်တယ်
ကိုယ့်ဘက်မှ ဖက်တွယ်ထားချင်တဲ့ ဆက်ဆံရေးတွေမှာ တဖက်လူ မကောင်းမှန်းသိပေမယ့်
ကောင်းလာနိုး မျှော်လင့်နေတဲ့ လူတွေလည်း ရှိကြတာဘဲ
ဘယ်လိုနေနေ သိမ်းထားတဲ့အဝတ်တွေဘဲ ဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးမှာဘဲ ဖြစ်ဖြစ်
အကြောင်းပြချက်တွေနဲ့ သိမ်းဆည်းချုပ်နှောင်မထားစေချင်ဘူး
ကိုယ့်စိတ်ကို toxicဖြစ်စေမဲ့အရာတွေကို မြန်မြန်ရှင်းပစ်တာ အကောင်းဆုံးဘဲ
အယ် တွေးမိတွေးရာရေးရင်းကတော့ စာအတော်ရှည်သွားပြီ
ကိုယ်တကယ်ဝတ်ဖြစ်တဲ့ အဝတ်တွေဘဲ သိမ်းရင်း ကျန်တာတွေကို ပေးတဲ့သူပေး
လွှင့်ပစ်တဲ့ဟာ ပစ်ရင်း လူမှုဆက်ဆံရေးတွေကိုလည်း ဖြတ်တောက်သင့်တာ ဖြတ်တောက်ပြီး
စိတ်ရဲ့အမှိုက်တွေကို အတတ်နိုင်ဆုံးရှင်းထုတ်ကြမယ်လေ
IndawThuLay
@MayNge9 ဒီလိုလျှောက်တွေးရေးတာတောင် ဒီလောက်ကောင်းနေမှတော့ သာသာလုပ်လိုက်ပါတော့ ငယ်ရယ် fic လေး one shot လေးဖြစ်ဖြစ်ရေးပေးဖို့ တောင်းဆိုပါရစေ သတင်းကောင်းကို မျော်နေမယ်နေမယ်နော် ငယ်ရေ
•
Reply