Mhaw_77
Happy Full Moon Day of Na Yone..နယုန်လပြည့်နေ့ရောက်လာပြန်ပြီဆိုတော့ နယုန်လပြည့်နေ့ရဲ့မိုးဖွဲဖွဲလေးတွေအောက်မှာ မွေးလာခဲ့တဲ့ စောနယုန်ဆိုတဲ့ကောင်လေးကိုလွမ်းသွားပြန်ပါတယ်..ကောင်လေးရေ..မင်းအဆင်ပြေပြေရှိနေမယ်လို့မျှော်လင့်ပါတယ်..မွေးလာကတည်းက ကံဆိုးခြင်းတွေချည်းပဲကြုံခဲ့ရလို့ အမြဲတမ်းကိုယ့်ကံကိုအပြစ်ဖို့နေတတ်တဲ့ကောင်လေးရေ..အခုဆိုရင်တော့မင်းဘဝထဲမှာ မင်းရဲ့ကံကောင်းခြင်းလေးအဖြစ် ဝိုင်ဆိုတဲ့တရုတ်လေးကအတူရှိပေးနေတယ်မဟုတ်လား..မင်းသိပ်ချစ်ရတဲ့အဲ့ဒီကောင်လေးက မင်းဘဝအတွက်တော့ ကံကောင်းခြင်းတွေယူဆောင်လာပေးမယ်လို့ ကိုယ်ယုံကြည်ပါတယ်...အကြာကြီးအတူဆက်ရှိကြဖို့မျှော်လင့်ခဲ့ပေမဲ့ အခုလိုရင်နာနာနဲ့ခွဲခွာခဲ့ကြရတဲ့အတွက်တော့ တကယ်ကိုစိတ်မကောင်းပါဘူးငါ့ကောင်ကြီးရေ...ပျောက်ကွယ်သွားခဲ့တယ်ဆိုရင်တောင် မင်းတို့ကကိုယ့်ရင်ထဲမှာတော့အမြဲတမ်းရှိနေဦးမှာပါ...လွမ်းတယ်ကောင်လေးတို့ရာ...