MinMee6
ကို... လွမ်းတယ်
ပြောပြစရာ အမှတ်တရတွေ... အများကြီး
ရှိမနေပါဘဲနဲ့ ... ကျမလွမ်းမိတယ်
ဘာကြောင့် လွမ်းရတယ်လို့ လက်ညိုး ထိုး
ပြစရာ ဘာမှ မရှိပါဘဲ နဲ့ ... ကျမ လွမ်းတယ်... ကို
ကျမ ... သိတာက လွမ်းတယ် ...
ဒ်ီလို .. နေ့မျိုးမှာ ကို နဲ့ အတူသွားခွင့်ဆိုတာ
ရှိမလာမှန်း .. သိနေရဲ့ နဲ့ ... ကို နဲ့မှ မဟုတ်ရင် တခြား
ဘယ်သူနဲ့ မှ.... ကျမ မသွားချင်ဘူး...
ဒါကြောင့်လေ ... အိမ်မှာပဲ နေမယ် ... ကိုရယ်
သူများတွေ ပျော်နေတာလည်း ... မြင်နေပါရဲ့...
ပို ပိုပြီး ... လွမ်းမိတယ်
ဘယ်တော့များမှ ... ပြန်ဆုံနိုင်မှာလဲ ဟင်
ပြန်.. မဆုံနိုင်တော့လည်း ... ဖြစ်နိုင်တာပဲ ပေါ့နော်
လွမ်းတယ်..... ကို