Minshinnaung
Link sa KomentoMga Alituntunin sa Pag-uugaliWattpad Safety Portal
အားလုံးပဲ သာသာ ဒီ နှစ်ကူးပိတ်ရက်မှာ update လေးတွေ တင်ပေးမယ်ဆိုပြီးပြောထားခဲ့ပေမယ့် အခု သာသာ့အမေက ဒီမှာစစ်တာတော့ ကင်ဆာဆိုပြီး အဖြေထွက်လို့ အခု ဘန်ကောက်မှာ ထပ်သွားစစ်မလို့ပါ။ အားနာပေမယ့် သာသာ လောလောဆယ်တော့ အားလုံးကို ရက်အကန့်အသတ်မရှိ ခဏ နားထားပါမယ်နော်။ သာသာ့ကျန်းမာရေးကြောင့် သေချာမရေးနိုင်တာ ကြာတာတောင် စောင့်ပေးနေကြတဲ့ စာဖတ်သူ အားလုံးကို တကယ် အားနာပါတယ်။ လောလောဆယ်တော့ သာသာ ဘယ်လိုမှ ရေးနိုင်တဲ့စွမ်းအားမရှိလို့ပါ။
Minshinnaung
အားလုံးပဲ သာသာ ခဏခဏပျောက်နေရတာ တော်တော်အားနာပါတယ်။ ဒါပေမဲ့ ခဏခဏမူးလဲပြီး ဆေးရုံရောက်ရောက်သွားလို့ ပြန်နားနေရလို့ပါ။ နားခိုင်းတာကို ခိုးရေးနေရင်းက နောက်ဆုံးတစ်ခေါက်က မျက်လုံးပါ ၁၀ မိနစ်လောက် လုံးဝကို မမြင်ရေတာ့ လန့်သွားတာနဲ့ ပြန်နားနေတာ။ အခုတောင် လာခိုးကြည့်တာ။ အားလုံးကိုတော့ အဆုံးထိပြီးအောင် ရေးမှာပေမယ့် စောင့်ပေးကြပါဦးနော်။
user73185045
စစ်သူကြီးနဲ့မြင့်မြတ်သောသမီးတော်ကိုလဲ ခနခနပြန်ဖတ်ရင်း စောင့်နေပါတယ်နော် Author
Minshinnaung
@user73185045 ဟုတ် ဖြည်းဖြည်းချင်း ဘာသာပြန်ပေးပါမယ်နော်။ ပြီးခဲ့တဲ့ အပတ်က ထပ်ဖျားတာနဲ့ ဘာမှ မလုပ်နိုင်လို့ပါ။ ရှင်းတို့ကိုက main အနေနဲ့ အရင် အကြွေးဆပ်လိုက်ချင်လို့ပါ။
Jensoo_Channie
မင်မင်ရေ the king 's affection ကို နောက်ထပ်တမျိုးလေးပြန်ရေးပေးပါလားဟင်
Minshinnaung
@Jensoo_Channie ဘုရားဘုရား ဒါလေးတောင် မနည်းပြီးအောင် ရေးလိုက်ရတာ အကြာကြီးထပ်စောင့်ချင်လို့လားဟင်။ ရှင်းတို့ကို အရင် အပြီးသတ်လိုက်ဦးမယ်နော်။ နောက်တစ်မျိုးရေးတာထက် extra လေး လာဖြစ်ရင် လာဖြစ်မှာပါ။
Minshinnaung
သာသာ ပြန်လာပါပြီနော်။ ခေါင်းကိုက်တာလည်း တော်တော်သက်သာသွားပြီမို့ စာပြန်ရေးလို့ ရပါပြီ။ အများကြီးတော့ မလုပ်ခိုင်းသေးတာမို့။ ဒီည အဆင်ပြေရင် ဟွီတို့ကို နောက်တစ်ပိုင်း တင်ပေးပါမယ်နော်။ ရှင်းရဲ့ ပရိသတ်လေးတွေကတော့ ခဏလေး စောင့်ပေးကြပါဦးနော်။ ရှင်းအတွက်က သာသာ Plot အလှည့်လေးတစ်ခု တွေးမိထားလို့ အဲ့လိုရေးရင် အဆင်ပြေမလား မပြေလား တွေးကြည့်နေလို့ပါ။ အကြာကြီးသည်းခံပြီး စောင့်ပေးနေကြသေးတဲ့ စာဖတ်သူတွေအားလုံး ကိုကျေးဇူးတင်ပါတယ်။ အားလည်း အားနာပါတယ်။
senhoritalucymatos
Olá, gostaria de pedir sua permissão para fazer uma adaptação de The King's Affection em português, e se possível também concluir ela do meu ponto de vista .
Minshinnaung
@senhoritalucymatos , Hello it is ok to adapt it. And I am happy with that. Due to my health problem, I cannot finish the fic yet. Please feel free to use it.
Minshinnaung
သာသာအခု နည်းနည်းသက်သာလာပြီမို့ update ကိုဖြည်းဖြည်းချင်းတင်ပေးသွားပါမယ်နော်။ သက်သာလာပြီဆိုပေမယ့် အများကြီးတွေးပြီး ကွန်ပျူတာ အကြာကြီး ကြည့်လို့မရသေးလို့ပါ။ ရှင်းကိုလည်းပစ်ထားတာ မဟုတ်ပါဘူး။ ဇတ်ကသိမ်းခါနီးပြီဆိုပေမယ့်လေ နိုင်ငံ၆ခုလုံးကို ပေါင်းစည်းရမှာမို့ ရေးစရာတွေက ကျန်နေသေးတာမို့ ဖြစ်သလိုလည်း မရေးလိုက်ချင်တာနဲ့ နည်းနည်းတွေးရလွယ်တဲ့ ဟွီတို့ကို အရင်ရေးလိုက်တာပါ။ အားနာပေမယ့် စောင့်ပေးကြပါဦးနော်။ ဇာတ်လမ်းတစ်ခုကို နှစ်ချီတာ သာသာပဲရှိမယ်ထင်ပါတယ်။ အစကတော့ ရှင်းကို ဒီဘက်ခေတ်အတွက် အတွဲ ၂ ပါရေးဖို့ တွေးလိုက်မိသေးပေမယ့် အခုလက်ရှိစံနှုန်းနဲ့ကတော့ မဖြစ်နိုင်တော့ပါဘူး။ ခုချိန်ထိ စောင့်နေပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
NwayNway073
အမရှင်းဝမ်မင်းသားလေးကမရေးတော့ဘူးလား
Minshinnaung
@NwayNway073 ရေးမှာပါ နေသိပ်မကောင်းသေးတာနဲ့ အများကြီး မရေးနိုင်သေးလို့ ဟွီတို့ကို အရင်ဖြတ်လိုက်မလို့ပါ။ ဟွီတို့ပြီးရင် ဆက်ရေးမှာပါ။ သေသေချာချာရေး ရေးထားခဲ့တော့ ဖြစ်သလို ဇာတ်မသိမ်းလိုက်ချင်လို့ပါ။
NayLinnSixx
ကျန်းမာရေးဂရုစိုက်ပါ
Minshinnaung
I am deeply sorry again for all readers, I have fainted and again at hospital these days and I cannot write. I hope I feel well and can write again soon. Sorry for absent.
သသာမူးလဲပြီး ဆေးရုံထပ်ရောက်သွားလို့ စာတွေပြန်မရေးနိုင်သေးတာပါ။ အခုတော့ နည်းနည်းပြန်သက်လာပါပြီ။ သာသာရေးနိုင်တာနဲ့ ပြန်တင်ပေးပါမယ်နော်။ အကြာကြီး စောင့်ခိုင်းထားရတဲ့အတွက်လည်း တကယ်ကို အားနာပါတယ်။