Moirai_Dolphin
Link to CommentCode of ConductWattpad Safety Portal
Hello!
ပျောက်နေခဲ့တာ ကြာပြီပေါ့နော်… တကယ်ဆို WP ထဲကို မရောက်ဖြစ်နေခဲ့တဲ့အထိကို ဒီရက်ပိုင်းတွေမှာ ရှုပ်နေခဲ့တာမို့ နာရီစင် Update မျှော်နေတယ်လို့ စာပို့လာတာမြင်တော့ တကယ်ကို အားနာမိသွားတယ်ရယ်… နောက်ထပ် ၁၀ ရက်လောက်ပြီးရင်တော့ စာပြန်ရေးဖြစ်မှာပါ။ ခဏစောင့်ပေးပါအုံးလို့ပဲ အားနာစွာနဲ့ တောင်းဆိုပါရစေရှင်…
KeizlerKian
Gyujin main cpတစ်ပုဒ်လောက်ရေးပေးချင်ဘူးလားဟင်
Moirai_Dolphin
တစ်ခါမှတော့ မရေးဖူးသေးပေမယ့် ကလေးအတွဲကို အချိန်လေးပိုရတာနဲ့ ကြိုးစားရေးကြည့်ပေးပါ့မယ်နော်
•
Reply
Moirai_Dolphin
Happy Birthday ပါ ကိုယ်တွေရဲ့ ဟန်ဘင်းနီးလေးရေ… ဒီကလေးလေးနဲ့ တူတူရှိလာတာ ဒီနှစ်နဲ့ဆို ၃ နှစ်မြောက်တောင် ရှိခဲ့ပြီပေါ့နော်… ကလေးလေး ပျော်ရွှင်ပါစေ… ကျန်းမာပါစေ… ကောင်းကင်က ကြယ်ပွင့်လေးလို တလက်လက်တောက်ပပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်…
ပြီးတော့ ပျောက်နေတာကြာသွားလို့လည်း အားနာမိပါတယ်… Facebook မှာ Friend ဖြစ်တဲ့သူတွေတော့ သိကြမှာပါ အစ်မရဲ့ ကျန်းမာရေးအခြေအနေကြောင့် လက်က စာရေးလို့မရလို့ အချိန်ခဏလောက် နားထားခဲ့ရပြီး BNB တောင် Deadline ကပ်ပြီးမှ ပြီးအောင်ရေးခဲ့ရတာပါ…
နားလိုက်ပါလားလို့ အကြံတွေဝိုင်းပေးကြပေမယ့် မရေးရသေးတဲ့ ပလော့တစ်ခု ကျန်နေသေးတာမို့လို့ရော ဒီရေးလက်စ LITL ကိုလည်း အဆုံးသတ်ချင်တာကြောင့်ရော စာကတော့ ဆက်ရေးဖြစ်နေအုံးမှာပါ
BNB မှာကတော့ July ပြီးရင်တော့ နားဖြစ်ဖို့များပါတယ်… နာရီစင်ပလော့ကို သေချာလေးရေးပြီးရင်တော့ အစ်မဒီစာရေးသူဘဝကို နားဖြစ်မယ်ထင်ပါတယ်… ဒါပေမယ့် နာရီစင်က ပလော့အရှည်မို့လို့ အချိန်တစ်ခုထိတော့ အစ်မတို့တွေ တူတူရှိနေကြအုံးမှာပါ
ထပ်ပြီးတော့ Happy Birthday ပါ ကိုယ်တွေရဲ့ ဟန်ဘင်းနီးလေးရေ…
Moirai_Dolphin
@12binhao un တော့ မ un ပါဘူး ဒါတွေက ကလေးနှစ်ယောက်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေမို့ သတိရတိုင်း လာဖတ်လို့ရပါတယ်
•
Reply
12binhao
@Moirai_Dolphin တို့နေးရှင်းကစာရေးသူတွေ 2026 မရောက်ခင်တစ်ယောက်ပြီးတစ်ယောက်နားကုန်ကြပြီပဲ။အကုန်လွမ်းစရာတွေအဖြစ်ကျန်ခဲ့တော့မှာတွေးမိရင် စိတ်မကောင်းမိလို့ un တော့မလုပ်လိုက်ပါနဲ့နော်။အဟောင်းလေးတွေကိုပြန်ပြန်ဖတ်ဖြစ်နေလို့ပါသာသာရေ။One of the best authors in binhao nation♡(> ਊ <)♡
•
Reply
Moirai_Dolphin
ငလျင်ဘေးအတွက် Just One Drop extra ကို ၄ ရက်တိတိရောင်းချခဲ့တာ အလှူငွေ ၃၃၈၂၅၀ ရရှိခဲ့ပါတယ် အစ်မက ၄ သိန်းပြည့်အောင်ဖြည့်လိုက်ပြီး အမရပူရ မြို့အတွက် Mobile toilet လှူဒါန်းတဲ့နေရာမှာ ၁ သိန်းနဲ့ စစ်ရှောင်စခန်းတွေက ငလျင်ဒဏ်သင့် ပြည်သူတွေဆီရောက်နိုင်ဖို့ ဆီမှာ ၃ သိန်း လှူဒါန်းခဲ့ပါတယ်။
ဒီနေးရှင်းထဲကသူတွေရဲ့ စုဖွဲ့မှုကြောင့်သာ မထင်ထားတဲ့ပမာဏတစ်ခုရလာပြီး အခုလိုမျိုး လိုအပ်နေတဲ့နေရာတွေမှာ အတူတူလှူဒါန်းခွင့်ရခဲ့တဲ့အတွက် ပါဝင်ပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။
Certificate တွေမှာလည်း Zerocolas from Binnuel Nation ဆိုတဲ့နာမည်လေးနဲ့ လှူဒါန်းပေးထားပါတယ်။ Certificate တွေကိုတော့ အစ်မရဲ့ FB အကောင့်မှာ Extra ရောင်းရငွေစာရင်းနှင့်တကွ တင်ပေးထားပါတယ်။
အားလုံးပဲ ဒီအခြေအနေမှာ အားတင်းထားကြပြီး ကိုယ်နိုင်ရာတာဝန်ကို ထမ်းရင်း ပိုကောင်းလာမယ့် နေ့ရက်တွေဆီ တူတူလျှောက်လှမ်းကြရအောင်
စာဖတ်သူအားလုံးလည်း အစစအရာရာ ဂရုစိုက်ကြပါရှင်
Moirai_Dolphin
Update ကတင်ပေးချင်တာ အရှေ့ရက်တွေကတည်းကပါ ဒါပေမယ့် အိမ်က ကလေးတွေ စာမေးပွဲရှိလို့ ရေးဖို့ကို ဘယ်လိုမှအချိန်က ထွက်မလာလို့ အလုပ်ပြန်တက်ကျမှပဲ အလုပ်မှာရေးပြီးတော့ တင်ပေးမယ်နော် နောက်ထပ်ကြာလည်း ၂ ရက်လောက်ပါပဲ စောင့်ပေးကြပါဦးနော်
Zerocola_411
Update ဂျူဆယ်ယို
Moirai_Dolphin
ဒီရက်ပိုင်း အိမ်ကကလေးတွေ စာမေးပွဲရှိနေလို့ မရေးဖြစ်နေသေးတာရယ် မနက်ဖြန်လောက်တော့ ရေးကြည့်ပြီး တင်ပေးမယ်နော်
•
Reply
Moirai_Dolphin
LITL Chapter 3 တင်ထားပါတယ်
WP က Noti မတက်နေလို့ မသိကြမှာစိုးလို့
Moirai_Dolphin
ပျောက်နေတာကြာလို့ လွမ်းနေကြပြီလားဟင်… သတိထားမိကြတဲ့သူတွေလည်း ရှိမှာပါ LITL ကို ခဏ Un ထားတာလေ… အစကတော့ နောက်တစ်ပိုင်းတွက် တအားကြာနေမှာစိုးလို့ Un ထားမိတာရယ်… ဒီရက်ပိုင်းအဲဟာလေးကို ပြန်ရေးမယ်လုပ်တော့ ဆက်ရေးဖို့ ခေါင်းထဲကနေ လုံးဝတွေးလို့မရဘူးရယ် တစ်ခုစရေးရင် အဲတစ်ခုပဲ အဆုံးထိရေးတတ်တာကို အရှေ့ပုဒ်တွေတုန်းက သတိထားမိကြမယ်ထင်ပါတယ်… ဒီဟာကို တင်ထားပြီး ဘာမှ ဆက်ရေးလို့မရနေတော့ နောက်မှ ပလော့နည်းနည်းပြန်ပြောင်းတာပဲဖြစ်ဖြစ် one shot ဖြစ်ဖြစ် ပြန်ရေးပြီး တင်ပေးပါ့မယ်… မျှော်နေခဲ့ကြရင် တကယ်အားနာပါတယ်ရှင်။
အဲဒီအစား ဘင်းနူးလ်အာသာဘဝကို မနားခင်မှာ ရေးချင်ခဲ့တဲ့ Fantasy plot တစ်ခုရှိပါတယ် အဲဟာလေးကိုတော့ ပထမ BNB project ထဲမှာ ရေးဖို့တွေးထားခဲ့ပေမယ့် ဇာတ်လမ်းက အရှည်ရေးရင်ပိုကောင်းမယ်လို့ တွေးမိလို့ အချက်အလက်တွေအကုန်စုပြီးရင် ပလော့သေချာချပြီးရင် အဲတစ်ပုဒ်ကိုတော့ ရေးဖြစ်အောင်ရေးပါအုံးမယ်။
အခုတော့ ၁၂ ရက်နေ့ ဘင်နူးလ်ပွဲအတွက် စီစဉ်နေတာမို့လို့ ရေးထားတဲ့ အဟောင်းတွေကိုပဲ ပြန်ဖတ်ရင်း အလွမ်းဖြေပေးပါအုံးနော်…
ဖတ်ရှူပေးတဲ့ နေးရှင်းက ညီအစ်မတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်
Moirai_Dolphin
Hello ဒီအောက်က လင့်လေးမှာ မျိုးတို့အဖွဲ့ ပေါင်းပြီး OTP Event လေးလုပ်ထားတာကို တင်ပေးထားပါတယ် စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်ပြီး တူတူဆုံကြမယ်နော်
https://m.facebook.com/story.php?story_fbid=pfbid0AK56XGGZf8D2rTzRqXein1t1ZrHw6dzP1zLX7o6zv5ToVFtcBkA3duCMeKdHD47zl&id=100089872130412
Moirai_Dolphin
အိပ်ခါနီးလေးမှာ အပြေးရောက်လာပြီး BNB Sep မှာ မျိုးရေးထားတဲ့ Hearts on Fire နဲ့ ပတ်သက်ပြီး တစ်ခုခုပြောချင်တာမျိုး၊ feedback ပေးချင်တာမျိုးဆို ဒီပို့စ်အောက်မှာပဲဖြစ်ဖြစ် အောက်က NGL link ကပဲဖြစ်ဖြစ် လာပြောလို့ရပါတယ်လို့
နောက်လမှာလည်း ဝယ်ဖတ်ရတဲ့သူတွေ ပိုတန်အောင် ဒီလထက်ပိုကောင်းအောင် ကြိုးစားပြီးရေးပါ့မယ်
https://ngl.link/moirai_dolphin
Moirai_Dolphin
NGL ကနေ FB name လေး လာတောင်းထားတဲ့ညီမလေးရေ ဒါ အစ်မအကောင့်ပါ
https://www.facebook.com/perth.perth.5015?mibextid=LQQJ4d
•
Reply