Sorry for all , ပထမဦးစွာ myue အားလုံးကိုတောင်းပန်ပါတယ်ရှင်။ ကြားထဲမှာ ကိစ္စပေါင်းများစွာဖြစ်ပျက်ခဲ့တဲ့အတွက် My bed player, Who I am, Network Error စတဲ့ myue ရေးလက်စတွေကို ဇာတ်မသိမ်းနိုင်ဖြစ်သွားရပါတယ်။ myue ရဲ့ Wp account က ပြန်ဝင်လို့မရနိုင်ဖြစ်ခဲ့တဲ့အတွက် နောက် acc တစ်ခုထပ်ဖွင့်ခဲ့ပါတယ်။ သိကြတဲ့သူတွေလည်းသိမှာပါ။ နောက် account ကနေ myue MBP ကို ဆက်ရေးခဲ့ပေမယ့် ပထမနည်းတူ အဲ့အကောင့်ကလည်း ဝင်မရဖြစ်ခဲ့ပါတယ်။ မြူ့အတွက်လည်း တော်တော်လေး စဉ်းစားရခက်ပြီး အကျပ်ရိုက်ခဲ့တဲ့အတွက် ရေးလက်စတွေ ဘယ်လိုဆက်လုပ်ရမှန်းမသိဖြစ်ခဲ့ရပါတယ်။ အဲ့ဒီအပြင် မြူ့စိတ်အခြေအနေကလည်း အဆင်ပြေမနေခဲ့တာကြောင့် ဒါတွေကို လုံးဝလွှတ်ချလိုက်ဖို့ပါ တွေးခဲ့ပေမယ့် ဘယ်လောက်ထိ အကောင့်တွေ ထပ်ဖွင့်ရမလဲ ဖွင့်ရပါစေ စာရေးတာကို မရပ်တန့်နိုင်ဘူးဆိုတဲ့ စိတ်နဲ့ အခု account အသစ်နဲ့ပြန်လာခဲ့တာပါ။ အခု account ကတော့ စိတ်ပူဖို့မလိုပါဘူးရှင်။ အဲ့ဒီတော့ မြူရေးလက်စတွေဖြစ်တဲ့ ၃ပုဒ်ကို ဇာတ်တော့သိမ်းတဲ့အထိ ရေးပေးမှာပါ။ သို့ပေမယ့် account တွေများသွားတာက စာဖတ်သူတွေအတွက်လည်း အာရုံနောက်စရာဖြစ်စေရလို့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ မြူစဉ်းစားနေတုန်းပါပဲ။ လက်ရှိကတော့ အခု account သစ်မှာ ရေးနေတဲ့ BM လေးကို အရင်ရေးပြီးမှ ကျန်တာတွေအတွက် အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုရွေးချယ်မှာပါ။ ကျွန်မပြန်ရောက်လာတာ ရှင်လေးတို့ကြောင့်လည်း ပါပါတယ်ရှင်။ ဆိုတော့ ဒီလောက်နဲ့ပဲ အားလုံးကိုတောင်းပန်ပါတယ်။ မြူ့ရဲ့စာတွေကို ဖတ်ပေးကြလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။