nyithuya

အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ရရင်တောင်
          စိတ်ကိုအတိတ်မှာ ထားခဲ့လို့မဖြစ်ဘူး....
          ပျော်ပြီးသေသွားတဲ့ နာရေးကြော်ငြာမျိုး
          မောင် ဖတ်ဖူးခဲ့လား...။
          ဝမ်းနည်းစိတ်ကို မသိပ်နိုင်သူတွေထဲမှာ
          ကိုယ်ပါနေခဲ့မိတယ်။
          အ့လို နေတတ်ဖို့ အရာရာတိုင်းကို စိတ်ထဲမှာပဲထားပြီး
          စိတ်ထဲမှာပဲ ပြီးသွားဖို့
          ကိုယ့်ဘဝ တစ်လျှောက်လုံး ကြိုးစား ခဲ့ရတာ 
          အသည်းမာတာ မဟုတ်ဘူး ....မောင်
          ဒဏ်ရာတွေကို မဖြုံ တော့တာ...။