NaYee85

သူမနဲ့ကိုယ် အချစ်တွေမကုန်ခင်လမ်းခွဲခဲ့ကြတယ်။ ကိုယ့်ဆီသူမပြန်လာမှာပါလေဆိုတဲ့ယုံကြည်စိတ်နဲ့ဘဝကိုရှေ့ဆက်ရင်း တစ်နေ့မှာသူမရဲ့သတင်းကိုရခဲ့တယ်။ သူမသိပ်ချစ်မိသွားတဲ့အမျိုးသားနဲ့မိသားစုဘဝတည်ဆောက်လိုက်ပါပြီတဲ့။ သူမပျော်နေသရွေ့ကိုယ်ကထပ်တူပျော်ပေးနိုင်ခဲ့သူမို့ သူမကိုပြုံးပြနှုတ်ဆက်ခဲ့လိုက်တယ်။ အခုတော့ သူမမရှိတော့တဲ့ကိုယ့်ဘဝကို စာလေးတွေရေးကြည့်ရင်းအထီးကျန်မှုပြေလေမလား စ ကြိုးစားနေပါပြီ။ ဒီ့အတွက် ဦးဆုံးလာဖတ်ပေးမယ့်သူ ဦးဆုံးဝေဖန်ချက်ပေးသွားမယ့်သူကို ကိုယ်မျှော်နေမိတယ်လို့ဝန်ခံပါတယ်။ fb ကိုတော့မသုံးဖြစ်တာကြာပါပြီ။ ကိုယ့်accထဲကသူမကိုမထုတ်ရက်သလို သူမပျော်နေတာကိုကြည့်ရင်းပိုပိုလွမ်းလာတဲ့ကိုယ့်စိတ်ကြောင့်ကိုယ့်ကိုကိုယ်အပြစ်ရှိသလိုခံစားရလို့ ဆိုပါတော့။ ဒါကြောင့်ဒီနေရာလေးမှာဇာတ်လမ်းလေးတွေရေးရင်း ဒီနေရာလေးမှာလွမ်းသမျှစာစီသွားတော့မယ်။ မိသားစုအရိပ်မြုံလေးထဲ တစ်နေ့တာတာဝန်တွေနဲ့ပျော်မွေ့နေတဲ့သူမ အချိန်ရလို့လိုင်းသုံးတဲ့အခါ ကိုယ့်လွမ်းစာတွေကိုမြင်သွားလို့ဘယ်ဖြစ်ပါ့မလဲ။ ဒါကြောင့်သူမမရှိတာကျိန်းသေနေတဲ့ ဒီရပ်ဝန်းကိုကိုယ်ရွေးချယ်ခဲ့ပါတယ်။ 

ကိုယ့်အတိတ်ကအမျိုးသမီးလေးရေ
          ကိုယ်မဟုတ်တော့တဲ့ ရင်ခွင်သစ်မှာ
          ရှင်လေးပျော်မြူးနေမယ်လို့
          တွေးဆယုံကြည်မိလိုက်တိုင်းမှာ
          နာကျင်ခြင်းတစ်စ ပျော်ရွှင်ပေးခြင်းတစ်ဝက်နဲ့
          ကိုယ့်ကမ္ဘာလေးက လွမ်းရိပ်ဝေရင်း
          လည်ပတ်နေတုန်းပါကွယ်။