၁၅၆ ခေါက်လောက် စဥ်းစားပြီးတဲ့အချိန်မှာ တော့ ကျွန်တော့် acc name ကို ပြောင်းပါတော့မယ် ။ နမ်တယ်ဟို (or) Nam Tae-hyo က ဒီတိုင်း ကျွန်တော့် စိတ်ကူးယဥ်နာမည်ပါ ။ အခုတော့ ကျွန်တော့် တကယ့်နာမည် စွမ်းလင်းထက် (or) Swan Lin Htet ပဲထားပါတော့မယ် ။ ကိုယ့် အကြောင်း ၊ ကိုယ့်နာမည် ၊ ကိုယ့်ခန္ဓာကိုယ် ၊ ကိုယ်နဲ့ဆိုင်တဲ့သူ ၊ ကိုယ့်နိုင်ငံ ကိုစိတ်၀င်စားမှ လောကကြီး အေးချမ်းမှာမဟုတ်လား ။
၁၅၈ ခေါက်လောက်စဥ်းစားပြီးတဲ့အခါ နောက်ထပ် အပြောင်းအလဲလေးတစ်ခုပြုလုပ်လိုက်ပါသေးတယ် ။ ကျွန်တော့်စာကို ဖတ်တဲ့သူတိုင်း Indimenticabile (horror) fic ကို သိကြမယ်ဟုတ် ? အခုအဲ့ fic ကို chapter 1 , 2 ပဲထားခဲ့ပြီး ကျန်တာ အကုန်ဖြတ်လိုက်ပါတယ် ။ ပြောရမယ်ဆိုရင် plot ပါပြောင်းလိုက်တာပါ ။ စာအုပ်နာမည် ကိုလဲ 'ထိုကဲ့သို့သာ' ဆိုပြီး ပြောင်းလိုက်ပါပြီ ။ လူကြီးမင်း တို့ကို ကျွန်တော်အဲ့ ၀တ္ထုနဲ့ပတ်သတ်ပြီး မတင်ပေးတာတော်တော်လေးကို ကြာပါတယ် ။ ကြားထဲမှာ လစ်ဟင်းနေတာတွေလဲ အများကြီးပါ ။ အဲ့တော့ ကျွန်တော် နောက်တစ်ပတ် အတွင်း အဲ့၀တ္ထုကို ဇာတ်သိမ်းပိုင်း ထိတင်ပေးပါ့မယ် ။
'လွန်' ဆိုတာလေးကတော့ မပြောင်းလဲပါဘူး ။ မတင်တာ နည်းနည်းလေးကြာနေပြီဟုတ် ? စိတ်မပူပါနဲ့ တစ်ပတ်ကို အနည်းဆုံး နှစ်ပိုင်းလောက်တင်ပေးပါ့မယ် ။
ကျွန်တော် အလုပ် ၂ ခုကိုပြိုင်လုပ်မိပါတယ် ။ fic ၂ ခုကို ယှဥ်ရေးခြင်းပေါ့ ။ နောင်တ ဆိုတာ ကိစ္စတစ်ခုခုပြီးမှ ရသလို ကျွန်တော်အခု နောင်တ ရသွားပါပြီ ။ အခုမနိုင်မနင်းတွေဖြစ်ပြီး အကုန်တာ၀န်တွေလျှော့ပေါ့ ကုန်ပါပြီ ။ အဲ့တော့ တောင်းပန်ပါတယ် ။ ဒါပေမယ့်လဲ ဘယ်တတ်နိုင်မလဲ ၊ ဇာတ်လမ်းက ချက်ချင်းထွက်လာတော့ ဦးနှောက်ထဲမှာပဲ မသိမ်းထားချင်တော့ပဲ အများကို ချပြလိုက်တာပါ ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကို ပြန်ရောက်သွားမယ်ဆိုရင်တောင် ကျွန်တော် 'လွန်' ကိုရေးခဲ့တာကို ပြန်မဖျက်ပါဘူး ။ ပြောချင်တာက နောင်တ တော့ရတယ် ဒါပေမယ့် ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ယုံကြည်ပါတယ် ။ ဒီတော့ ဒီစာလေးကို ဒီမှာပဲ အဆုံးသတ်ပါရစေ ။
လေးစားစွာဖြင့်
... စွမ်းလင်းထက်