NgaJi13

သူတို့ပြောကြတယ်။
          	လူတစ်ယောက်ကို 
          	သီချင်းတွေ ၊ အနံ့တွေနဲ့ တွဲမမှတ်ရဘူးတဲ့။ 
          	
          	ဟုတ်တယ်။ 
          	အတိအကျ သေဆုံးရခြင်းတွေပဲအချစ်ရယ်။
          	
          	သီချင်းတွေကြားတိုင်းပြိုရတယ်။
          	ကိုယ်သင်းနံ့လေးဆင်တူတာ 
          	မသိမသာရမိရင် ကိုယ့်မှာငိုရတယ်။
          	
          	"အိပ်ခါနီးကျ ဒါနားထောင်နော်
          	ကိုကို ပို့ထားတယ်" ဆိုတဲ့ သီချင်းတွေ။ 
          	မကြိုက်တတ်ခဲ့လည်း နားထောင်ဆိုတဲ့ 
          	နူးနူးညံ့ညံ့တောင်းဆိုသံမှာ
          	သေချာလေး နားကြပ်တပ်ခဲ့တာ 
          	ငါနားလည်ထားတဲ့ အချစ်ပေါ့။ 
          	
          	"မွှေးလိုက်တာလေး ရေမွှေးလား?
          	Lotion လား? ကိုကို ဘာသုံးထားတာ"
          	
          	ဆိုရင် သူ သေချာပြုံးပြီး -
          	
          	"နိုး! နိုး! ဒါ ကိုကို့ပင်ကိုယ် ကိုယ်သင်းနံ့"
          	
          	"ကြီးကျယ်တယ် ဘာသုံးလဲဆို!!"
          	
          	"တကယ်ပါကွာ...
          	ကိုကိုမညာပါဘူး အချစ်လေးရ"
          	
          	ဒီလူနဲ့ ဒီကိုယ်သင်းနံ့ဟာ ဒီလိုလည်း 
          	ကွဲထွက် ဆန်းပြားခဲ့သေးတာ။ 
          	ဘယ်လောက်ထိလဲဆို ဆင်တူရုံပဲရှိတဲ့ 
          	ရနံ့တွေက သူ့ဆီက ခပ်ဖျော့ဖျော့ရတတ်တဲ့ မွှေးရနံ့နဲ့ ထပ်တူကျမနေခဲ့တာ 
          	ဘယ်လောက်ရှာရှာ မတွေ့ရှိခဲ့တာက 
          	သက်သေပဲ......။
          	
          	လွမ်းလိုက်တာဆိုတာများ 
          	ဘယ်လောက်နှစ်ကြာကြာ
          	စာသားလေးတစ်ကြောင်းလောက်တွေ့လည်း 
          	ဒီလိုမျိုး 
          	နင့်ကိုပဲ ရည်ရွယ်ချင်နေမိတုန်းကိုကိုရာ။
          	
          	ငါ့ဒုက္ခကလည်း မသေးလိုက်တာ။ 
          	
          	
          	

NgaJi13

@ShweYee001200 
          	  တစ်ခါတစ်လေတော့လည်း 
          	  ရောင်းဇားဟီးလေးကို 
          	  တိတွေရရ....
Reply

ShweYee001200

သူ ခံစားပြနေပါပြီ
Reply

MinKhantAung1995

Kim Jimin မွေးနေ့လေး update ပေးမယ်ထင်နေတာ ဦးငယ်နဲ့သူ့ကိုယ်ပွားပိစိလေး မိသစုသေးသေးလေးကိုမြင်ချင်နေပြီ

MinKhantAung1995

*မိသားစု
Reply

MaRryMay9

နေရောကောင်းရဲ့လား ကိုယ်ကဖားကန့်ကဆိုတော့ ကိုယ်နဲ့သိတဲ့တစ်ယောက်ယောက် အကြာကြီးပျောက်သွားရင် အတွေးများလာရော ကိုယ်တွေဘက်က တစ်ဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ပြေးလွှားနေရတာဆိုတော့