Aung_NThu

ဒီကမ္ဘာကိုမောင်လာတယ်
                                ( သန်းတင့် )
          
          နေဝင်ပြီးသည့်ကာလ
          ထွေရာလေးပါးတွေနဲ့ လရောင် 
          ဒီကမ္ဘာကို မောင်လာတယ် ။
          
          အစွမ်းအစရှိသူလေးမို့
          တော်လှန်ရေးကလည်း လုပ်ချင်
          ပန်းဆိုးတန်းမှာလည်း ဇာတ်လိုက်မင်းသားလေး
          ဖြစ်ချင်
          'မိုးဦးဆွေညိန်း'ကိုလည်း ခေါ်သွားချင်
          ဒီကမ္ဘာကို မောင်လာတယ် ။
          
          နေပူကျဲကျဲအောက် ပိတောက်ပင်ကိုမှီထားတဲ့လူ 
          ဒီကတိကိုယူပါလေ ။
          အသက်ပြင်းလွန်းတဲ့မိုးသား
          အခုစကားပြောပြီးတာနဲ့ ချက်ချင်းရွာ
          ဒီကမ္ဘာကို မောင်လာတယ် ။
          
          အစွမ်းအစရှိသူလေးမို့
          'မိချောင်းခေါင်း' ကမ်းခြေလေးကိုသွားချင်တယ်
          ဧပရယ်လို့ ခေါင်းစဉ်တပ်ပြီး
          အောက်တိုဘာလအကြောင်းတွေကို ရေးကြမယ်
          ( SV-60 ) အခန်းလေးကို မဖြစ်မနေရှာမယ်
          ဒီကမ္ဘာကို မောင်လာတယ် ။
          
          တစ်ကြိုး နှစ်ကြိုးတွေအဖြတ်ထားခံရတဲ့
          ဂစ်တာလေးလို
          အသံသြသြလေးနဲ့
          ဒီကမ္ဘာကို မောင်လာတယ် ။
          
          မင်းခလုတ်တိုက်တဲ့ကျောက်တုံးကိုတောင်
          သီချင်းလို ခံစားနားဆင်တတ်တဲ့အကောင်
          မောင်လာခဲ့ချင်တယ် 
          မောင်လာခဲ့တော့မယ်
          ဒီကမ္ဘာကို မောင်လာတယ် ။
          
          ဟုတ်ကဲ့
          'ကိုကိုမချစ်တော့ရင် သူများရေနံဆီသောက်ပြီး
          သေပစ်လိုက်မှာနှော်'ဆိုတဲ့ ကောင်မလေးရဲ့
          ကိုကိုပါ 
          ဒီကမ္ဘာကို မောင်လာတယ် ။
          
          ဘုရင်မရှေ့က'ပွန်း'ကို စားချင်တယ်
          ပြီးရင်ရွာပြန်မယ် ။
          'မောင်လှထွေး'ရဲ့ ရေဒီယိုက
          'ပန်းနဲ့ပေါက်တာလည်းနာချင်တယ်'ကို
          နားထောင်မယ် ။
          အချစ်ရှိလား အချစ်ရှိသေးလားလို့
          ဒီကမ္ဘာကို မောင်လာတယ် ။
          
          ချီလေတဲ့ချီလေ
          ဟောဟိုက နွေဦးဆိပ်ကမ်း
          ကျောက်သားနှုတ်ခမ်းနဲ့ လာမနမ်းစမ်းနဲ့ဟေ့
          ဖြတ်သွားဖြတ်လာ ကြောက်စရာ
          ဒီကမ္ဘာကို မောင်လာတယ် ။
          
          ဝိညာဉ်တွေ ငှက်ခါးလေးတွေ သံဗုဒ္ဓေပန်းလေးတွေ
          နောက်ကဗျာတစ်ပုဒ်မှာ
          ခင်းဗျားနာမည် မဖြစ်မနေပါရပါစေ့မယ် ။
          နောက်သံသရာတစ်ခုမှာ
          ခင်းဗျားအဓိပ္ပါယ် ပါကိုပါရမယ်
          ဒီကမ္ဘာကို မောင်လာတယ် ။ 
          
          စက်ဘီးစီးသင်နေတဲ့ ကလေးတစ်သိုက်
          အလံတင်နေတဲ့ရဲဘော်
          ချီးပိုးထိုးဦးထုပ်နဲ့ အန်ကယ်လ်'ငြိမ်း'
          မြေနီလမ်းလေးပါပဲ
          မြေနီလမ်းလေးမှာပါပဲ 
          ဒီကမ္ဘာကို မောင်လာတယ် ။
          
          တစ်ယောက်ယောက်ရဲ့နောက်ကျောဆိုတာ
          ခွဲခွါသွားရင် မြင်ရတတ်တာမျိုးလေကွယ် ။
          အလွမ်းမစင်သေးသူရဲ့အော်ပရာ
          ဒီကမ္ဘာကို မောင်လာတယ် ။         ။
          
          သန်းတင့်

Aung_NThu

ကိုကို မချစ်တော့ရင်သူများရေနံဆီသောက်ပြီး သေပစ်လိုက်မှာနော်ဆိုတဲ့ ကောင်မလေးရဲ့ ကိုကိုပါ
Reply

Aung_NThu

ပြီးတော့လည်း ပြီးသွားတာပါပဲ ။
          မိုးအုံ့နေတဲ့ နေ့လည်ခင်းမှာ 
          လမ်းလျှောက်ထွက်ဖြစ်တော့ 
          အပေါ်ကို မော့ကြည့်မိတယ် ။ 
          ပြီးခဲ့တဲ့ လပိုင်းတွေမှာ 
          ကြောက်စရာကောင်းတဲ့ နွေနေပူကြီး ရှိခဲ့တာတောင် 
          မေ့သွားသလိုလို ။ 
          လူတွေဟာ အဲ့ဒီလိုပဲလား ။ 
          ပြီးတော့လည်း ပြီးသွားတာပါပဲ လား ။ 
          
          -မြကျေး

Aung_NThu

— Dream About You
          
          There was a time in my life
          When I opened my eyes and there you were
          You were more than a dream
          I could reach out and touch you
          Girl, that was long ago
          
          There are some things
          That I guess I'll never know
          When you love someone
          You gotta learn to let them go
          
          When I dream about you
          That's when everything's all right
          You're in my arms, here next to me
          Forever
          
          When I dream about you
          Girl, you never go away
          Just close my eyes, wait for my dreams
          'Cause I still love loving you
          
          

Nix_RanZo

Aahh! this is so cute. My heart has melted like an ice-cream. My heart no longer mine. It will start beating for someone else(Ray) rn.
Reply

Aung_NThu

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေနော် မမ

Aung_NThu

@Nix_RanZo. တောင့်တသောဆုတိုင်းပြည့်ဝအောင်ဖန်တီးပေးရသောသူဖြစ်ရပါလို၏
Reply

Nix_RanZo

Ray ရောပဲ မမနဲ့ နှစ်တိုင်း ရှိရအောင်
Reply

Aung_NThu

ဘယ်လောက်ကောင်းသောနေ့ဖြစ်ဖြစ်
          မှုန်မှိုင်းမှုလေးနဲ့တော့ အစပြုရတာပဲ၊
          ပြီးမှ နေ တဖြည်းဖြည်း ပွင့်ချင်ပွင့်လာလိမ့်မယ်။
          ဘာမှပြောဆို မရပါဘူး၊
          မိုးလည်းရွာချင်ရွာလာလိမ့်မယ်၊
          စက်တင်ဘာမှာ ဖြစ်ချင်တာအကုန်ဖြစ်နိုင်တယ်။
          
          - အောင်ခင်မြင့်

Aung_NThu

စက်တင်ဘာမှာ ဖြစ်ချင်တာ အကုန်ဖြစ်နိူင်တယ် 
Reply