Nocruto
@Shiyuun42 နာနာကျင်ကျင်နဲ့ စွဲလမ်းရမယ့် လမ်းကိုပဲ ရွေးချယ်တော့မယ်ပေါ့....... ဟုတ်ပါတယ်လေ မရေရာတဲ့ နောက်ဘဝတွေထက်စာရင် သေချာတဲ့ ဒီဘဝမှာပဲ ချစ်ရသူကို အမှတ်တရတွေနဲ့ ပူဇော်ရတာ ပိုကောင်းတာပေါ့နော် ခံစားချက်တွေ နက်ရှိုင်းလွန်းလို့ နောက်ဘဝထိများ ပါခဲ့ရင် မိုးရွာတိုင်း လွမ်းနေရမယ် ထင်တယ် ဒီဘဝမှာ ကိုယ်နဲ့ တွေ့ကြုံဆုံကွဲ ရသူတွေဟာ အတိတ်ဘဝမှာ ကံစပ်ခဲ့လို့ပဲတဲ့ မှန်ပါလိမ့်မယ် နာမည်တောင် မသိတဲ့ လူတစ်ယောက်အတွက် ဒီလောက်ထိ ခံစားရမယ်မှန်း အရင်က မသိခဲ့ရိုးအမှန် ပြောမရဘူး ကိုယ်လဲ မိုးရွာတိုင်းလွမ်းနေတော့မယ်ထင်တယ် ဒီနေ့ကောင်းကင်ကြီးအရမ်းပြာတယ် လူတွေ အရမ်းရှုပ်နေတယ်......မနေ့က မိုးရွာခဲ့တာ သူမဟုတ်တဲ့ အတိုင်းပဲ