Noctis-Wong

ပုံမှန်ဆို မြတ်နိုးခွင့်တို့ မင်းနဲ့အတူတို့ကို သဘောကျတယ်.. ပြောရရင် ကိုယ်က Ro တစ်လိုင်းမို့ထင်တယ် ကျွန် လိုဇာတ်လမ်းမျိုးကို မခံစားတတ်ဘူး.. ဒါပေမယ့် ဖတ်ကြည့်တယ်.. ဘယ်လိုရေးရေး စာဆိုတာ စာရေးသူရဲ့ စိတ်ခံစားချက် သူ့ရဲ့ Darkness တစ်ခုလုံးမဟုတ်တောင် တစ်စိတ်တစ်ပိုင်းတော့ မြင်ရတယ်လေ.. ကိုယ်ကလည်း မိတ်ဆွေသစ် တစ်ယောက်ရတိုင်း သူပြောချင်သမျှကို နားထောင်ပေးတတ်တဲ့ အကျင့်လည်း ရှိနေတော့.. ကျွန်ဇာတ်လမ်းကို အဆုံးထိ ဖတ်တယ်.. ကြားထဲမှာ တော်ပါပြီ ဆက်မဖတ်တော့ရင် ကောင်းမယ်ထင်တယ် မျက်ရည်ကျရတာလဲ မဟုတ်ပဲ မျက်ရည်ဝဲတာရယ် ဒေါသထွက်လာတာရယ်နဲ့ တော်တော်လေးတော့ ခံစားရတယ်.. ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ ဆက်ဖတ်ရင်း အဆုံးထိ ပြီးသွားတယ်.. လူတစ်ယောက်ရဲ့ Darkside ကို တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် ကိုယ်မြင်ခွင့်ရတဲ့အတွက် ရေးတဲ့သူကို ကျေးဇူးတင်မိတယ်.. အသ်စအဆန်းတော့ ဖြစ်တာပေါ့.. 