ကျွန်တော်တို့အကုန်လုံး လိုအပ်နေတာ မေတ္တာတရားပါပဲ။ကိုယ်ကပေးဖို့လိုအပ်သလို တပါးသူဆီကလဲလိုအပ်ပါတယ်။ကျွန်တော်တို့ဟာ ဘာအတွက်အသက်ရှင်ပါသလဲ။မသေခင်အချိန်လေးမှာ ပျော်ရွှင်စွာနဲ့ ကောင်းသော အိပ်မက်တွေကို အကောင်အထည်ဖော်နိူင်ဖို့မဟုတ်ပါလား။ပျော်ရွှင်ကြဖို့ရှင်သန်နေကြတဲ့လူတွေဟာ ဘာလို့မပျော်ရွှင်နိူင်တာလဲဆိုတာ စဉ်းစားကြည့်ကြပါဦး။ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ရပါဘူး။သူကတော့မကောင်းလို့ ငါမကောင်းလိုက်မယ်ဆိုတဲ့အတွေးဟာ ကမ္ဘာကြီးကိုပိုကောင်းမလာစေပါဘူး။အိပ်မက်တွေဖြစ်လာပါတော့မလားလို့ တွေးမိတဲ့အထိ ကြောက်လန့်ရတာဟာ ကျွန်တော်တို့ဘယ်လိုအပြစ်တွေကိုကျူးလွန်ခဲ့ဖူးလို့ပါလဲ။မေတ္တာထားပါ။လူဆိုတာတစ်နေ့တော့ ထွက်သွားရမှာပါ။ဘာလို့ လောဘတွေ၊ဒေါသတွေ၊မောဟတွေကိုအလွန်အကျူးနေရာပေးနေကြတာပါလဲ။ပိုကောင်းတဲ့ ကမ္ဘာကြီးကိုမြင်နေရပေမယ့် မထိတွေ့နိူင်တဲ့အခါ အားအင်တွေလဲကုန်ရပါတယ်။ဒီမြေ၊ဒီကမ္ဘာမှာ မေတ္တာပန်းတွေပဲ ပွင့်လန်းကြပါစေ။
  • JoinedAugust 10, 2023