Papa_land4me

ငါ့ acc လေးလဲ ဖုန်တက်..

Papa_land4me

သူ့ရဲ့  အချစ်ဦးက  ကျွန်တော်ဆိုရင်
          ကျွန်တော့်ရဲ့  အနမ်းဦးက  သူပါ။ 
          ဘဝမှာ  နှုတ်ခမ်းတွေကို  ပထမဆုံး 
          မွတ်မွတ်သိပ်သိပ်  နမ်းရမည့်သူက
          ယောကျာ်းလေးတစ်ယောက်ဆိုတာ
          ဘယ်သူကများတွေးမိမှာလဲ ။ 
          
          - မင်း ရဲ ရင့် 
          ( ကိုယ့်ဘဝအခရာ )

Papa_land4me

ဇူလိုင်က  ခက်ခဲလွန်းတယ် ..
          သဲကြီးမဲကြီး  ရွာနေတဲ့ မိုးတွေလိုပဲ ..
          မဆွဲထားလိုက်ရတဲ့  လက်တစ်စုံကိုပဲ အလောတကြီး  ရှာချင်နေမိတယ် ..
          တွေ့ရာတွေ့ကြောင်းလေးများ.... ။ 
          
          - ROOM57

Papa_land4me

မြေသင်းနံ့လေးလဲ ရတယ် ...
          တစ်စုံတယောက်ကိုလဲ သတိရတယ် ..
          ရိုးရှင်းသော တိုက်ဆိုင်မှုလေးပါပဲ ။ 
          ဒါပေမဲ့ ကြိမ်ဖန်များစွာ ..... ။ 
          
          - ROOM57

Papa_land4me

ကိုယ့်အတွက်တော့
          မိုးရာသီဆိုတာ
          တစုံတယောက်ကို  
          မမိုးပေးဖြစ်ခဲ့တဲ့ ထီးနီနီလေးပါပဲ။ 
          အဲ့လိုပဲ လွမ်းလွမ်းဆွေးဆွေး 
          အဆုံးသတ်ခဲ့ရတယ်။ 
          
          - ROOM57

Papa_land4me

အခေါက်ခေါက်သော ဇူလိုင်လတွေပါပဲ ။ 
          မိုးရာသီလေးမှာ ....
          အနွေးဓာတ်ကလေးရှာတွေ့ခဲ့တာပေါ့ ။ 
          လွမ်းလားမေးရင် 
          တွေ့ချင်ပေမဲ့  တွေ့စရာအကြောင်းမှမရှိတော့ပဲ။ 
          
          - ROOM57