အချစ်ဆိုတာလူတိုင်းနဲ့မတန်ဘူးတဲ့ မှန်ပါတယ်
ကိုယ်တန်ဖိုးထား ချစ်မြတ်နိုးတဲ့သူက ကိုယ်အချစ်ကို
မမြင်နိုင်သောအခါ နာကျင်ရတဲ့အဲ့ခံစားချက်က
မပြောပြလဲ မြင်နိုင်ပါတယ်။အချစ်နဲ့ပတ်သက်ပြီး
ကိုယ့်ရဲ့ အတ္တတွေကို နားလည်ပေးဖို့ကိုယ် မတောင်းဆိုရက်ဘူး။ဘာလို့လဲဆိုတော့ ကိုယ်မင်းကိုသိပ်တန်ဖိုးထားလို့ ၊ မြတ်နိုးလို့ ၊ ကုန်ကုန်ပြောရရင်မင်းကိုငါ့အနားကနေ
ထွက်မသွားစေချင်လို့ ၊ နောက်ဆုံးမင်းကို ပျော်ရွင်စေချက်လို့ ငါ့နှလုံးသားတစ်ခုလုံးပေးစပ်ပြီး မင်းကိုချစ်သွားတယ်။ကံကြမ္မာကြီးရယ် ကျေးဇူးအရမ်းတယ်ပါတယ်။ ကျွန်တော့်ဘဝရဲ့နောက်ဆုံးအချိန်ကို ကိုယ့်ကိုချစ်တယ်လို့ လိမ်ညာပြီးကျွန်တော်ကိုချစ်တယ်ဆိုတဲ့
ကျွန်တော့်ချစ်ရတဲ့သူနဲ့ ရှိခွင့်ပေးလို့။ အဲ့တာနဲ့တင် ကျွန်တော့်ဘဝအတွက် သူ့ကိုဘဝတစ်ခုလို ချစ်ခဲ့မိတာကို
နောင်တမရစေခဲ့ဘူး။
My Feeling Form (ကြွယ်ခြွေသူ)
3th ,May 2020