
Paung998
မေ့ပစ်ဖို့ကြိုးစားနေခဲ့တာပါပဲ ဒါပေမယ့်အတွေးထဲကထုတ်ပစ်ဖို့ဆိုတာ ခက်ခဲလွန်းနေတယ် ဘာတွေကိုဆက်ပြီးဆွဲထားချင်သေးတာလဲ အစကတည်းက ဒီလိုအဆုံးသတ်မယ်ဆိုတာကြိုသိနေရက်နဲ့တောင် ဘာတွေကိုမျှော်လင့်နေခဲ့မိတာပါလိမ့် ရှုပ်ထွေးနေခဲ့မိတယ် နာကျင်နေရမယ်မှန်းသိရက်နဲ့ ဆက်ပြီးဆုပ်ကိုင်ထားမိပြန်တယ် လက်လွှတ်လိုက်ဖို့လိုအပ်နေပြီ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့သင်ယူသင့်နေပြီ တစ်ခါတလေကျ ငါချစ်တဲ့သူတွေကို အရမ်းအလေးထားမိပြီး တစ်ခါတလေကျ ပေါ့ပျက်ပျက်ပဲသဘောထားမိပြန်တယ် ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်တဲ့စိတ် မုန်းတဲ့စိတ်တွေ ဝင်မိပြန်တယ် စိတ်အတက်အကျကလည်း မြန်လွန်းတယ်လို့ထင်တယ် တစ်ခါတလေ ဒေါသတွေအရမ်းထွက်လာပြန်တယ် ကိုယ့်ကိုယ်ကို စိတ်ရောဂါများရနေပြီလားလို့ ကြောင်တောင်တောင်တွေးမိပြန်တယ် ဘယ်နှစ်နှစ်ကြာနေခဲ့ပြီလဲ မေ့ပစ်ဖို့သင့်နေပြီ စိတ်ထဲကနေထုတ်ပစ်ဖို့သင့်နေပြီ မေ့ပစ်လို့မရရင်ရောဘယ်လိုလုပ်မလဲ တစ်သက်လုံးတိတ်တဆိတ်ပဲချစ်သွားလိုက်ရမလား အတွေးတွေဟာမျိုးစုံပါပဲ တည်ဆောက်ချင်ခဲ့တဲ့ relationတွေဟာ တစ်ဖက်တည်းကပဲ မြဲနေလို့မှမရပါပဲ လက်လွှတ်သင့်ပြီ လက်လွှတ်ဖို့လိုအပ်နေပြီ ကိုယ့်ကိုယ်ကိုပြန်ဂရုစိုက်ပေးဖို့လိုအပ်နေပြီ အတွေးတွေကိုလွတ်လပ်ခွင့်ပေးပြီး သတိနဲ့စောင့်ကြည့်ပြီး တဖြည်းဖြည်းခံစားမှုနည်းလာအောင် ထိန်းချုပ်တတ်ဖို့လိုအပ်နေပါပြီ ောက်ရမ်းပဲဟေ့