byunpiggy
ပျားရက်စက်လေးက အရမ်းကောင်းတာပဲ
သူတို့ကြောင့် mayday သီချင်းတွေတောင် download ထားသေးတယ်
သူတို့ပထမဆုံးခရီးကို အကြိုက်ဆုံးပဲ အထူးသဖြင့် အပြန်ကားပေါ်မှာ ကောင်လေးက ကောင်မလေးပခုံးပေါ်မှီလိုက်တဲ့အပိုင်း
သူတို့တွေ နီးလိုက် ခွဲခွာသွားလိုက်နဲ့ ရုပ်ရှင်တကားကြည့်နေရသလိုပဲ
အကောင်းဆုံးကတော့ side cp ပဲ ဘယ်လိုဇာတ်ပေါင်းမလဲဆိုတာ အစကတည်းက အရမ်းသိချင်နေတာ တကယ်ဇာတ်သိမ်းပိုင်းရောက်တော့လည်း ဝမ်းနည်းဝမ်းသာကြီး အချစ်ဦးကို သူတို့က move on နိုင်တယ် သူတို့အစား မပြတ်နိုင်တာက ကိုယ်တွေဖြစ်နေတယ်