SN_SN001
လူမှားသွားသော အိုမီဂါလေး လင်းယွီချောင်က ဖောက်ပြန်တဲ့ဖခင်ဖြစ်သူကို ရထားပြီး အဖေတူအမေကွဲ ညီတစ်ယောက်ပါ ရှိနေခဲ့တဲ့အပြင် အယ်လ်ဖာ ဖယ်ရိုမုန်းတွေနဲ့ အလက်ဂျစ်ဖြစ်တတ်တဲ့ အိုမီဂါလေး။ မိခင်ဖြစ်သူ(အိုမီဂါဖခင်)ကလည်း ဖခင်ဖြစ်သူ(အယ်လ်ဖာဖခင်)ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရပြီး ကြိုစားပြီး အသက်ရှင်နေထိုင်ရတဲ့သူ။ အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် လင်းယွီချောင်က ဝမ်းနည်းအားငယ်တတ်တဲ့အကျင့်စရိုက်တွေကို ဖုံးကွယ်ထားရင်း ဆတ်ဆတ်ကြဲ အထိမခံဒေါသအိုး အိုမီဂါလေး ဖြစ်လာခဲ့တယ်။ ရှားရှားပါးပါး ရည်းစားလေးတစ်ယောက် ရှိခဲ့ပေမဲ့ ရည်းစားဖြစ်တဲ့သူက နှစ်ဝက်လောက် တွဲခဲ့ပြီးေနာက်မှာ အကြောင်းအရင်းမရှိ ရုတ်တရက်ကြီး အဆက်အသွယ်ဖြတ် သူ့ကို ထားခဲ့ပါလေရော။ သည်းမခံနိုင်ခဲ့တဲ့ လင်းယွီချောင်က သေအောင် သတ်မယ်ဆိုပြီး ရည်းစားဟောင်းဖြစ်သူကို လိုက်ရှာပါလေတယ်။ မထင်မှတ်ထားတဲ့ နေရာတစ်ခုမှာ ရည်းစားဖြစ်သူကို တွေ့ခဲ့ပေမဲ့ ရည်းစားဖြစ်သူက ရည်းစားမဟုတ်ခဲ့တဲ့အခါမှာတော့....မှားယွင်းနေတဲ့ ကိစ္စတွေကို အဖြေရှာဖို့ ဒေါသအိုး အိုမီဂါလေး ဘယ်လို ကြိုးစားမလဲဆိုတာကို ... ရီဗျူးဖတ်မယ် စာစဉ်ရွေးမယ် Swae Nyoe Storytelling Space @swaenyoe Free ဖတ်ရန် Telegram Channel @swaenyoefreechannel Freeဖတ်ရန်... https://www.wattpad.com/story/388514715?