SayO614
ရပ်ပစ်ဖို့လိုအပ်နေခဲ့ပြီ
          ချစ်လာမလား
          သူလည်းငါ့လို ချစ်နေလောက်မလားလို့
          မျှော်လင့်နေခဲ့တာတွေလည်း ရပ်ဖို့လိုနေပါပြီ
          မသိစိတ်ကနေပြောနေတာပဲ
          သူသာချစ်ရင် မဆက်သွယ်ပဲ ဘယ်နေပါ့မလဲ
          မချစ်မှန်းသိသာနေတာကို ဘာလို့မျှော်လင့်ချက်ထားနေခဲ့မိပါလိမ့်
          လက်ခံတတ်ဖို့လိုအပ်နေခဲ့တာကြာပါပြီ
          ကိုယ့်စိတ်ကို မလှည့်စားပဲ အမှန်တရားကို လက်ခံသင့်နေပြီ
          
          5 centemeter per second ဆိုတဲ့ Animeကားထဲကလိုပါပဲ
          
          နှစ်တွေကြာအောင် စကားတွေအများကြီး၊vd callတွေကအစ အများကြီးပြောခဲ့ပါစေ သူ့နှလုံးသားအနီးကို တစ်မီတာလေးတောင်မှ မရောက်ရှိနိုင်ခဲ့သလို
          
          ကိုယ့်ဘက်က ဘယ်လောက်ပဲ သူတစ်ယောက်တည်းကိုသာကြည့်ပြီး နှစ်တွေအကြာကြီး စောင့်နေ ချစ်နေပါစေ
          ရေစက်သာကုန်သွားရင်
          ပြန်ဆုံနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတာကို
          လက်ခံရတော့မှာပါပဲ
          
          ကံမကုန်သေးပါဘူး လို့ မင်းပြောခဲ့ပေမယ့်
          
          ကိုယ်ထင်ပါတယ် 
          ကလေးငယ်နဲ့ နောက်တစ်ကြိမ်ပြန်ဆုံဖို့ 
          ကံမရှိတော့ဘူး ထင်တယ်