SayyoPark
ဒီရက်ပိုင်းမှာ နေရတာအဆင်မပြေဘူး နေမကောင်းမဖြစ်ချင်ဘူး အရမ်းကြီးကျန်းမာနေမှရယ်ဆိုပြီးလည်း မမျှော်လင့်ထားပါဘူး.. ဒီတိုင်းပဲ ဒီတိုင်းလေးပဲ ကိုယ့်ရဲ့ နဂိုခန္ဓာကိုယ်နဲ့စိတ်ကို ပုံမှန်အခြေအနေလေးအတိုင်းပဲရှိပြီး တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းသွားချင်တာ... အရမ်းကိုအများကြီးမျှော်လင့်တာမျိုးမဟုတ်ပေမယ့် ခုလိုမျိုးတော့တကယ်နေမကောင်းမဖြစ်ချင်ဘူး... အလေလိုက်မိတဲ့အချိန်တွေကို နောင်တတွေရ အသိစိတ်ဝင်ပြီး အနာဂတ်အတွက်ရယ်ဆိုပြီး အစီအစဥ်တွေဆွဲပြီး အားအင်အပြည့်နဲ့ခုန်ခါနီးမှာမှ မှောက်ယက်လဲကျသလိုခံစားချက်မျိုး.. ပြန်မထနိုင်တာတော့မဟုတ်ပေမယ့် ပြန်ထတဲ့အခါ အရင်လိုအကောင်းတိုင်းမဟုတ်တော့ပဲ ဒဏ်ရာကပါလာမှာပဲ အဲဲ့ဒဏ်ရာကိုပျောက်အောင်ကုပြီးရင် ကျန်ခဲ့မယ့်အမာရွတ်... ငါ့အတွက်တကယ်အဆင်မပြေဘူး ငိုချင်တယ်ဆိုတဲ့စိတ်ခံစားချက်မျိုးထက် တုန်ရီပြီး ဘာကိုလုပ်လို့ကိုင်လို့ရမှန်းတောင်မသိတော့သလိုအဖြစ်မျိုး