တစ်စုံတစ်ယောက်က 
ကိုယ့်ကိုမရွေးချယ်တာကို လက်ခံနိုင်ရမယ်။
လက်ခံနိုင်အောင်လည်း ကြိုးစားရမယ် "
လွယ်တော့မလွယ်လှဘူး။

တကယ် အမြတ်တနိုးသဘောကျရတဲ့
ဖြစ်တည်မှုတစ်ခုဆီက အများကြီးမမက်မောခဲ့မိရင်တောင် အနည်းနဲ့အများတော့ ကိုယ့်ကိုရွေးချယ်စေချင်ကြတဲ့ သူတွေချည်းပါပဲ။

အတ္တမပါမှ တကယ့်အချစ််စစ်မည်မယ်ဆိုရင်တောင်
ကျွန်တော်တို့တော်တော်များများဟာ
ချစ်မိရင် မြူတစ်မှုန်စာလောက်တော့ အတ္တနှောကြတာပဲ။
ကိုယ့်အပိုင်ဖြစ်မဖြစ်ဟာ အရေးမကြီးပေမယ့်
စိတ်ကူးယဉ်ကြည့်ရုံတောင် "တစ်ဘဝစာ" ဆိုတဲ့အတွေးမျိုးဝင်တတ်ကြတာပါပဲ။

ဒါပေမယ့်လည်းပေါ့ . . .
တစ်စုံတစ်ယောက်က ကိုယ့်အပေါ် ရွေးချယ်ခြင်း
မရွေးချယ်ခြင်းအပေါ်မှာ
စောဒကတက်ပိုင်ခွင့်မှမရှိတာ။

ကိုယ်ကိုယ်တိုင်က အဲ့လူအတွက် အများကြီး
ပြီးပြည့်စုံနေတယ်လို့ ထင်ထားပေမယ့်
သူ့အတွက်တော့ ကိုယ်က သူ့နေ့စဉ်ဘဝထဲကသူတွေလောက် အရေးမပါတာမျိုးလည်း ရှိတတ်တာပဲ။

ကိုယ်က လိုလေသေးမရှိ
ဆန္ဒတွေလိုက်ဖြည့်ဆည်းပေးရင်တောင်
သူ့စိတ်ထဲမှာ ကိုယ့်ကို အဲ့အရာတွေမလုပ်ပေးစေချင်ဘူးဆိုရင် လုပ်ပေးသမျှက သဲထဲရေသွန်ပေါ့ "

ရွေးချယ်ခြင်း မရွေးချယ်ခြင်းဆိုတာ
လုပ်ယူလို့ရတဲ့အရာတွေမှ မဟုတ်တာပဲ။
ဘာဆိုဘာမှတွေးထားလ်ို့မရတဲ့ လောကကြီးမှာ
မျှော်လင့်ချက်တွေနည်းရင်...
တစ်စုံတစ်ယောက်က ကိုယ့်ကိုမရွေးချယ်လည်း
ကိုယ့်ဘဝနဲ့ကိုယ် တဖြည်းဖြည်းနေသားကျသွားမှာပဲ။
  • JoinedApril 16, 2021




1 Reading List