Sora_258

ချင်ရှင်းရဲ့ ဘေးဒုက္ခလေး
          
          ဝတ္ထုနာမည်ထဲက ချင်ရှင်းက gong , ကိုယ်တွေရဲ့သားလေးက ရှန်ကျန်း
          
          ရှန်ကျန်းက သူတိတ်တခိုးချစ်ရတဲ့သူ့အချစ်ဦးလေးနားမှာ အမြဲဘာမဆိုလိုချင်တာ ဖြည့်ဆည်းပေးနေတဲ့ကောင်လေး။ ဒါပေမယ့် သူကတော့ သူ့အချစ်ဦးနဲ့ ပေါင်းဖက်ရမယ့် ကံဇာတာမရှိခဲ့ဘူး။ သူ့အချစ်ဦးက သူ့ကိုယ်ပိုင်အချစ်စစ်နဲ့ပဲပေါင်းဖက်သွားပြီး အဲဒီသူက ရှန်ကျန်းကို အကွက်ချပြီး ကံဆိုးမိုးမှောင်ကျအောင်လုပ်ခဲ့တယ်။
          
          တကယ်တော့ ရှန်ကျန်းက ဒါတွေ မသိခဲ့ပါဘူး။ သူသေသွားမှ သူက ဝတ္ထုထဲက ဇာတ်ညွှန်းအတိုင်းကနေရတဲ့သူဖြစ်ပြီး သူ့အချစ်ဦးအတွက် အရံလူလို့တောင် မဆိုနိုင်တဲ့လူတစ်ယောက်အဖြစ်ရှိခဲ့ပြီး သူက ဗီလိန်တစ်ယောက်ဖြစ်နေမှန်း သိခဲ့ရတယ်။ သူ့ကို ဘဝပျက်အောင် လုပ်ခဲ့တဲ့သူကလည်း သူ့အချစ်ဦးနဲ့ ပေါင်းဖက်သွားတဲ့လူဖြစ်နေတာကို သိခဲ့ရတယ်။ ရှန်ကျန်းက အရာအားလုံးသိပြီးနောက်မှာ နောက်တစ်ကြိမ်ပြန်မွေးဖွားလာခဲ့တယ်။ ရှန်ကျန်းက ဒီတစ်ကြိမ်မှာတော့ သူ့ကို ဘဝပျက်စေမယ့် ဝတ္ထုက အဓိကဇာတ်ကောင် ၂ ယောက်ရဲ့ အနားကနေ ခပ်ခွါခွါ ခပ်ကင်းကင်းနေမယ်ဆုံးဖြတ်ခဲ့တယ်။
          
          ရှန်ကျန်းက အေးဆေးပဲနေပါတော့မယ်ဆိုမှ သူ့ဆီကို ချင်ရှင်းဆိုတဲ့လူက ရောက်လာပြီး " မင်းကကိုယ့်အပိုင်ဖြစ်ကြောင်းလူတိုင်းကို သတိပေးလိုက်တော့မယ်" လို့ပြောလာတဲ့အခါမှာတော့ ...
          
          https://www.wattpad.com/story/394068796?