Hello အသစ်လေးတစ်ပုဒ် ထပ်လာပါပြီနော် ☺️
မင်မင်ကြိုက်တဲ့ typeလေးမလို့ pickထားတာလေးပါ။
Normal Romance ကိုမှ တိုတိုချိုချိုလေးပါ။ 1970ခုနှစ် ကျေးလက်ပုံစံကိုမှ System နဲ့ တာဝန်ထမ်းဆောင်ရတဲ့ typeလေးပါ။ကြိုက်ကြမယ်လို့ထင်ပါတယ်
ဒါလေးကလည်း Paid gp ရှိပါတယ်။ စ/ဆုံးကိုမှ 2000 ksပါ။ 10ပိုင်းတင်ထားပြီးပါပြီ။ Daily update ပါနော်။
Gp ဝင်ရန် @Camellia_tzkn
ဇာတ်လမ်းအကျဉ်း
၇၀ခုနှစ်များတွင် ချစ်မိသွားခြင်း
Genres _ 70s , Mission , Romance , System , Rebirth , Time travel, Female Protagonist
ဇာတ်လမ်းအကျဉ်း
အိပ်မက်အကောင်အထည်ဖော်ရေး အစီအစဉ်ရဲ့ စီမံအုပ်ချုပ်သူ ဆုတန်ဟာ ချန်ယင်ကျိုးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် 1975 ခုနှစ်သို့ စနစ်နှင့်အတူ ရောက်ရှိသွားခဲ့လေသည်။
ထိုအချိန်မှာ ချန်ယင်ကျိုးက အသက် 18 နှစ်သာရှိသေးပြီး ထိုကောင်လေးမှာ အထီးကျန်ဆန်ကာ အုံ့မှိုင်းပြီး ဆူးများအပြည့်ဖြင့် ဝန်းရံထားတတ်ကာ သူမကိုလည်း ပြင်းပြင်းထန်ထန် စိုက်ကြည့်တတ်ပြီး တစ်ခါတစ်လေမှာတော့ ရှက်ကိုးရှက်ကန်းနဲ့လည်း နီရဲနေတတ်သေး၏။
ဆုတန်၏ မိခင်မေတ္တာများ လျှံထွက်လာကာ ဒီလောက် ရုပ်ရည်ချောမောတဲ့ကလေးကို ကာကွယ်ပေးရမည်ဟု ဆုံးဖြတ်လိုက်လေသည်။ သူတို့ အတူတူရှိပြီးတဲ့နောက်မှာ ဆုတန်က ချန်ယင်ကျိုးမှာ အလွန်ပင် ချစ်စရာကောင်းကြောင်း တွေ့ရှိခဲ့၏။
ထိုကောင်လေးမှာ ညိုမှိုင်းနေသောမျက်နှာဖြင့် သူမ၏အဝတ်အစားများကို ဆွဲကိုင်ကာ သူတို့နှစ်ဦးသာကြားနိုင်သည့် အသံဖြင့် "မင်းဒီနေ့ ငါ့ကိုကြိုက်တယ်လို့ မပြောရသေးဘူးလေ"
ချန်ယင်ကျိုးက သကြားလုံးများကဲ့သို့ အချိုများ စားရခြင်းကို နှစ်သက်တာကြောင့် ဆုတန်က သူမနှင့်အတူ သကြားလုံးများကို အမြဲဆောင်ထားလေ့ရှိသည်။
နောက်ပိုင်းမှာ ထိုကောင်လေးက မကောင်းတာတွေကို ပိုပြီးသင်ယူလာခဲ့ပြီး ဆုတန်ရဲ့ခါးကို ကိုင်ထားကာ သူမအား ချစ်ခြင်းမေတ္တာစကားများ ပြောလာခဲ့၏။
"ကိုယ့်အတွက်တော့ မင်းက ကိုယ်တစ်သက်လုံး စားချင်တဲ့ အချိုဆုံး သကြားလုံးလေးပါပဲ"
အထီးကျန် အုံ့မှိုင်းကာ ကြမ်းတမ်းသော ဝံပုလွေလေး X ကြက်စွပ်ပြုတ်သောက်ရခြင်းကို နှစ်သက်သော အကာအကွယ်ပေးတတ်သည့် ပညာတတ်အမျိုးသမီးလူငယ်။