SunKist383
Hello November နိုဝင်ဘာလရဲ့ပထမဆုံးမှာ အေးချမ်းမှုအစစ်အမှန်ကိုရှာတွေ့ပြီး သဘောကျရတဲ့အရာတွေ အများကြီးလုပ်နိုင်ကြပါစေ။ နိုဝင်ဘာလက ကိုယ်အကြိုက်ဆုံးလဖြစ်ပြီး ကိုယ်မြတ်နိုးရတဲ့ အရာတွေကလည်း သည်လကလေးမှာပဲ စတင်ဖြစ်တည်လာခဲ့တာပါ။မြတ်နိုးရတဲ့ ရက်စွဲကလေးတွေနဲ့ မြတ်နိုးရတဲ့ အရာတွေရှိတဲ့လ.. မြတ်နိုးခြင်းတွေနဲ့ ပြည့်နေတဲ့ နိုဝင်ဘာလလေးမှာ ပန်းလှလှတွေမြင်ရင်ဖြစ်ဖြစ် တိမ်လှလှလေးမြင်ရင်ဖြစ်ဖြစ် လိပ်ပြာလေးတွေ ပျံသန်းသွားတာမြင်ရင်ဖြစ်ဖြစ် ငေးကြည့်နိုင်ပြီး အရာသေးသေးလေးကနေပဲဖြစ်ဖြစ် ပျော်ရွှင်မှုကို ရနိုင်ကြပါစေ။မေပယ်လ်ရွက်ကလေးလို ကံကောင်းခြင်းသယ်ဆောင်နိုင်ပါစေလို့ ဆန်းကစ်သီးက ဆုတောင်းပေးလိုက်ပါတယ်❤️