T_Jasmine
Link to CommentCode of ConductWattpad Safety Portal
Jong Hyun (1990-2017) 18.DEC.2017 လူတွေက ကိုယ့်အသားနာမှာကို ကြောက်တက်ကြသလို၊ သူတို့ရဲ့ အသက်ကိုလည်း ပိုပြီးတော့ တန်ဖိုးထားကြတယ်။ သေရမှာ မကြောက်ပါဘူးဆိုတဲ့ လူတွေလည်း တကယ် သေရမှာ ကြုံလာရင် အနည်းအများ တုန်လှုပ်ကြတာပဲ။ Sucide လုပ်တဲ့ လူတွေလည်း သူတို့ လုပ်ခါနီးရင် အနည်းအများ တွေဝေကြမှာပဲ။ ဒါပေမယ့် သူတို့ရဲ့ ခံစားရတဲ့ စိတ်အခြေအနေ ဘယ်လောက်ထိ ရှိလဲဆိုတာ ကိုယ်တွေမှ မသိတာ။ လူတွေက ပြောကြမှာ ဒါလေးနဲ့ သတ်သေရလား ဆိုပြီး။ တကယ်တမ်း သူတို့ ခံစားရတာ ဒီတစ်ခုတည်း မဟုတ်ဘူး။ သူတို့ရဲ့ ခံစားချက်တွေက တစ်ဖြည်းဖြည်း အနည်အနှစ်တွေ စုပုံလာပြီး နောက်ဆုံး ဆောက်တည်ရာမရ ဖြစ်လာတာ။သူတို့ scuide လုပ်မယ် တွေးတဲ့ အချိန်မှာ ဘာမှ မစဉ်းစားပဲ လုပ်တယ် ရူးမိုက်တယ် ထင်ကြပေမယ့် သူတို့က ဒီလမ်းရွေးဖို့ စဉ်းစားတဲ့ အချိန်မှာ အနည်းနဲ့ အများ တွေးကြသေးတာပဲ။ ဒီလိုနဲ့ Scuide လုပ်ဖို့ ရပ်တန့်လိုက်တဲ့ လူတွေလည်း အများကြီးပဲ။သူတို့ဟာ အသက်ရှူလိုက်တိုင်း ဘယ်လောက် ခက်ခဲလဲ ၊ ကိုယ့်ရဲ့ ခံစားချက်တွေကို နားလည်ပေးမယ့် လူတစ်ယောက်ကို ဘယ်လောက် အားကိုးတကြီး ရှာဖွေခဲ့မလဲ ဆိုတာ မသိနိုင်ဘူး။ သူတို့ဟာ နောက်ဆုံး ဒီလမ်းကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တဲ့ချိန်မှာ သူ့ရဲ့ ချစ်ရတဲ့ သူတွေနဲ့ အရာအားလုံး အဆင်ပြေသလိုနဲ့ နောက်ဆုံး ဘေးကလူတွေကို စိတ်မပူအောင် နေသွားပြပြီးမှ ဒီလမ်းကို ရွေးသွားကြတယ်။ လူအများတွက်က ဒီလမ်းဟာ ကြောက်ဖို့ ကောင်းပေမယ့် စိတ်ကျပြီး အရာအားလုံးကို စိတ်ကုန်ပြီး ဘဝကြီးကို အရှုံးပေးလိုက်တဲ့ လူတွက်က နောင်ဘဝမှာ သာယာတဲ့ ဘဝရှိမယ်လို့ တွေးကြတယ်။ #P.S တချို့ လူတွေက အဖန်ငါးရာ့ငါးကမ္ဘာကို မကြောက်ဘူး ပြောနေကြတာတွေကို တွေ့ရတဲ့ချိန်မှာ တကယ် စိတ်ညစ်လာတဲ့ချိန်မှာ ဒါ ငါ့ရဲ့ နောက်ဆုံး ဝဋ်ကြွေးနေမှာဆိုပြီး တွေးမိတဲ့ လူတွေလည်း ရှိတယ်။ လူတယောက်ရဲ့ စိတ်ခံစားချက်ဟာ ဝေဖန်စရာ မဟုတ်သလို လျစ်လျူရှူစရာလည်း မဟုတ်ဘူး။ဘေးနားက လူတွေရဲ့ စိတ်ခံစားချက်တွေကို အကောင်းဆုံး ဂရုစိုက်ပါ။ ကိုယ့်ရဲ့ idol တယောက်ဆုံးတာ ၂နှစ်ပြည့်တာ သတိရလို့ ရေးတာပါ။စိတ်ခံစားချက် မတူရင် တောင်းပန်ပါတယ်။ ဘာမှတော့ မဝေဖန်ပါနဲ့။
SweZin_TY
ဟိုင်း ဟိုင်း ဒီမှာလဲပေါလို့ရတာဘဲ ဟဟ

yoonhozunbaek
နာမည် တူတူပဲ
yoonhozunbaek
Helli နာမည် က ဇွနပွင့်ဖြူလားအင်