ThaeTheint2Thu

Happy for him. Finally hes back to the woman who matches his energy, respect him and doesnt feel being ignored.

ThaeTheint2Thu

ဒီလိုလေးစိတ်ချမ်းသာနေတာမြင်တော့ တစ်သက်လုံးလူပျိုကြီးပဲဖြစ်စေချင်တယ် အဟုတ်!

ThaeTheint2Thu

Forced to say "ပျော်ရင်ရပါပြီ ဘယ်သူနဲ့တွဲတွဲ",  borned to say "ဘယ်သူနဲ့မှမတန်လို့ လူပျိုကြီးအဖြစ်နေပြီး cool uncleပဲလုပ်ပါလား"
الرد

ThaeTheint2Thu

ငါ့နှယ်သူမွေးမယ့်ကလေးကို ထိန်းရမယ့်အချိန်ကိုပဲ ရင်ခုန်စွာနဲ့ထိုင်စောင့်နေရပြီ
الرد

ThaeTheint2Thu

ယူချင်တဲ့သူနဲ့ယူပါ စိတ်ချမ်းသာနေရင်ရပြီ၊ သူနဲ့energyကိုက်တဲ့သူ matchဖြစ်တဲ့သူနဲ့ရရင်အကောင်းဆုံးပဲ၊ btw Architectဆိုတော့ ဟိုအစ်မများလားမသိဘူး
الرد

ThaeTheint2Thu

dont wanna sleep rn but he said "အိပ်တော့" so i dont have any other choices. just say "ဟုတ်" and sleep.

ThaeTheint2Thu

wpထဲ ဒီလိုတည့်တိုးတာရှားလို့ ရန်တွေ့ရမလားမှတ်ပါတယ် ကြောက်လိုက်တာ
الرد

ThaeTheint2Thu

ရင်ထဲကအပူလုံးကြီးကျတဲ့နေ့ပဲ။ သူများအိမ်ကအကြီးဆုံးသားလေး စာမေးပွဲပြီးသွားပြီလေ။ တစ်လလုံးအိပ်ရေးပျက် အပင်ပမ်းခံထားတာတွေကို သေချာပြန်အနားယူထားပုံပါပဲ။ တက်တက်ကြွကြွလေးပြန်ဖြစ်လာပြီ ဝမ်းသာလိုက်တာ။

ThaeTheint2Thu

ဒီကနေတောင်လငှက်သိုက်တွေလှမ်းပို့ရတဲ့အထိပဲ။ နှစ်ရက်ဆက်တိုက်မအိပ်ရသေးဘူးပြောတဲ့အချိန် ငါ့မှာမူးဝေပြီးပျာယာကိုခတ်လို့။ အိပ်ရေးပျက်ရင်ဖျားတတ်တဲ့လူ ဘယ်ချိန်ပြစ်လဲမလဲမသိဘူးဆိုပြီး ရင်တမမ။ တစ်ကယ်ကိုသားမွေးထားရသလိုပဲ။
الرد

ThaeTheint2Thu

၁၃နှစ်ကနေ ၁၇နှစ်အထိ။ ဒီတစ်လျှောက်လုံး အဲ့အမျိုးသားကိုပဲသဘောကျခဲ့တာ။ အချစ်ဦးလည်းဟုတ်တယ်။ အချစ်ဆုံးလည်းဟုတ်တယ်။ အဲ့အမျိုးသားထက်အထင်ကြီးစရာကောင်းတဲ့ယောကျာ်းမမြင်ဖူးသေးဘူး။ ဒီဘဝမှာတော့ကိုကိုကလွဲပြီးချစ်ရမယ့်လူ မီးငယ်ဘဝမှာရှိလာတော့မယ်မထင်ဘူး။

ThaeTheint2Thu

အာဇာနည်ရဲ့သီချင်းလိုပဲ "ကိုယ့်ရဲ့အလှည့်ရောက်လို့လာမလား၊ တဖြည်းဖြည်းနဲ့အနားမှာစိတ်ဓာတ်ကျလာ..." ၊ တစ်နေ့နေ့တော့ကိုကိုမြင်ပြီးအသိအမှတ်ပြုလာမှာပါ။ ကိုယ့်အချစ်တွေမင်းမြင်ပါစေ ကိုယ့်စေတနာတွေလည်းမင်းမြင်ပါစေပေါ့။
الرد

ThaeTheint2Thu

ကိုကိုကငါ့ရဲ့ရွေးချယ်စရာတွေထဲကတစ်ခုမဟုတ်ခဲ့ဘူး။ အမြဲတမ်းအတွက်ဦးစားပေးရတဲ့သူပဲ။ universeတိုင်းမှာသူ့ကိုပဲရွေးချယ်မှာ။ ဒီနှစ်တွေထဲလည်း လာကြိုက်တဲ့သူမှန်သမျှကို ကိုကို့နာမည်ထုတ်ပြောပြီး သဘောကျရတဲ့သူရှိတယ်လို့ တောက်လျှောက်ငြင်းလာခဲ့တာ ခုထိရည်းစားတစ်ယောက်တောင်မထားဖူးသေးဘူး ရယ်ရချက်ပဲ
الرد

ThaeTheint2Thu

၄နှစ်လုံးလုံး ဘယ်တစ်စုံတစ်ယောက်အပေါ်ကိုမှ စိတ်လေးခဏယိုင်သွားတာမျိုးတောင်မရှိခဲ့ဘူး။ ပိုင်ဆိုင်ရမှအချစ်တဲ့။ အခြားမိန်းကလေးဆီရောက်နေတဲ့လူကို ၄နှစ်ဆက်တိုက်မေတ္တာမပျက်ချစ်နိုင်ရင် ရူးတောင်သွားမလားမသိဘူး။
الرد

ThaeTheint2Thu

အားကျရတဲ့သူရှိတယ်။ ကိုကို့အချစ်ဦးဆိုတဲ့အစ်မ။ ကိုကိုကအဲ့အစ်မကိုကမ္ဘာကြီးတစ်ခုလိုသဘောထားခဲ့တာ။ အခုလက်ရှိရည်းစား ထားခဲ့ဖူးတဲ့ရည်းစားဟောင်းတွေလိုက်လို့မမှီနိုင်လောက်တဲ့အထိ အဲ့အစ်မကကိုကို့အချစ်တွေကိုအကုန်ရခဲ့တာ။ အတ္တအရမ်းကြီးတဲ့ကိုကို မာနအရမ်းကြီးတဲ့ကိုကို သူ့စိတ်တိုင်းကျမဖြစ်ရင်ဘယ်သူ့ကိုမဆိုထားပြစ်ခဲ့တဲ့ကိုကိုက အဲ့အစ်မစိတ်ဆိုးတော့မိုးရေထဲဒူးထောက်ပြီးတောင်းပန်ခဲ့ဖူးတယ် ငိုယိုပြီးထားမသွားဖို့ဆွဲခဲ့ဖူးတယ် scorlarကိုတောင်လက်မခံဘဲအဲ့အစ်မရှိတဲ့မြို့ကကျောင်းကိုရအောင်လျှောက်ခဲ့တယ် အိမ်မှာဘုရင်လိုနေခဲ့တဲ့လူကအဲ့အစ်မနဲ့အတူနေတော့အောက်ခြေသိမ်းအိမ်မှုကိစ္စအကုန်လုံးကိုလုပ်ခဲ့တယ် အမြဲစိတ်မရှည်ဆူပူကြိမ်းမောင်းတတ်တဲ့ကိုကိုက အဲ့အစ်မကိုလေသံမာမာနဲ့မပြောဖူးဘူး မအော်ဖူးဘူး။

ThaeTheint2Thu

မိုးရွာနေတယ် မိုးရွာတာကိုမုန်းတဲ့ကိုကို့ကိုလွမ်းတယ်၊ သူကမိုးရွာတာကိုမုန်းပေမယ့် မိုးရေစိုနေတဲ့သူ့ဆံပင်ကောက်ကောက်လေးတွေကတော့တစ်ကယ်လှတယ် 
الرد

ThaeTheint2Thu

ဘာလို့ကိုကို့ကိုအဲ့အစ်မထားခဲ့နိုင်တာလဲမသိဘူး၊ ကိုကိုစိတ်ကျရောဂါဖြစ်သွားခဲ့တဲ့အထိ အဲ့လမ်းခွဲမှုကပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့တာ၊ ကိုကို့ကိုဆုံးရှုံးရပြီလို့အားလုံးကထင်ခဲ့တာ၊ သန်မာတဲ့အမျိုးသားကပြန်ရပ်တည်နိုင်ခဲ့လို့တစ်ကယ်တော်သေးတယ်၊ ကိုကိုကငါ့အချစ်ဦး ဘယ်သူနဲ့မှမတန်လောက်အောင်တော်လွန်းလို့ ဒီတိုင်းလေးတစ်ယောက်တည်းပဲနေစေချင်တယ် ကိုကိုကဘယ်သူနဲ့မှမလိုက်ဘူး ကိုကို့လိုလူကိုဘယ်သူကမှအပိုင်ရဖို့မထိုက်တန်ဘူး အပိုပြောနေတာမဟုတ်ပေမယ့် အဲ့အမျိုးသားကလေ သူ့ဖြစ်တည်မှုကိုကတန်ဖိုးကြီးနေတာ အဖိုးတန်ရတနာလေး သီးသီးသန့်သန့်ပဲတည်ရှိပေးနေရင်ကောင်းမယ်
الرد

ThaeTheint2Thu

လက်သည်းအရှည်ထားရတာအရမ်းကြိုက်တယ်၊ အဲ့လက်သည်းတွေကြောင့်ကိုယ့်ကိုကိုယ်လည်းထိခိုက်မိတယ်၊ ဘယ်လိုအခြေအနေရောက်ရောက်လက်သည်းညှပ်ဖို့အစီအစဥ်မရှိခဲ့ဘူး၊ ဒါပေမယ့်အဲ့အမျိုးသားရဲ့လက်ဖမိုးပေါ်ခြစ်ရာထင်သွားတဲ့နေ့ကတည်းကလက်သည်းတွေကိုညှပ်ပြစ်ခဲ့တာ၊ အရှည်မထားတော့တာအခုထိပဲ၊ မတော်တဆလေးခြစ်ရုံခြစ်မိသွားတာဆိုပေမယ့် ကိုယ်ကလက်သည်းဆိပ်ရှိတာရော သူကsensitive skinသမားဖြစ်နေတဲ့အခါဆေးထည့်ပြီးပလစတာကပ်လိုက်ရတဲ့အထိပြင်းထန်ခဲ့တာ၊ အဲ့ကတည်းကလက်သည်းအရှည်ကိုငါစွန့်လွှတ်လိုက်တာပဲ။

ThaeTheint2Thu

အရာအားလုံးနဲ့လဲနိုင်တယ်၊ အရှက်ရော သိက္ခါနဲ့ပါ၊ ခေါင်းလေးတစ်ချက်ပဲညိတ်လိုက် သေဆိုသေ ရှင်ဆိုရှင် ပျော်ပျော်ကြီးကြိုးဆွဲရာကပြစ်မှာ၊ လက်လေးတစ်ချက်ပဲကမ်းပေး မာနဆိုတာတွေကိုခြေဖဝါးအောက်ပြေးခင်းပေးလိုက်မှာ။ ကိုကို့ကိုအချစ်ဆုံးက မီးငယ်ပါဆိုတာရဲရဲကြီးအာမခံရဲတာ။ ချိုးချင်သလိုချိုး နှိမ်ချင်သလိုနှိမ် ကိုကိုဖြစ်နေသရွေ့မီးငယ်ကကျေကျေနပ်နပ်ပါပဲ။
الرد

ThaeTheint2Thu

ဆံပင်ရှည်တဲ့မိန်းကလေးတွေကိုသဘောကျတယ်တဲ့၊ ဆံပင်ရှည်ဆိုပူအိုက်လို့စိတ်ရှုပ်စရာလို့မြင်တဲ့ငါက ဆံပင်ညှပ်ဆိုင်တွေကိုမမြင်ချင်ယောင်ဆောင်ခဲ့တယ်၊ သူ့ကောင်မလေးရဲ့ဆံပင်တိုတိုလေးတွေကို မရမကစည်းပေးနေတဲ့ပုံရိပ်ကိုမြင်မှ ငါ့ဆံပင်တွေကကပ်ကြေးလက်ချက်ကြောင့် ကြမ်းပြင်ပေါ်ပုံပျက်ပန်းပျက်ကျတော့တယ်။
الرد

ThaeTheint2Thu

"သဲသိမ့်သိမ့်သူ ကျောင်းနောက်ကျလို့ ပထမအချိန်၄၅မိနစ်မှာ အမှိုက်ကောက်ရမယ်"

ThaeTheint2Thu

Also miss the way he calls me "မီးမီး" .
الرد

ThaeTheint2Thu

Our very first conversation.
الرد

ThaeTheint2Thu

In this days, I silently miss his "သဲသိမ့်သိမ့်သူ စာကျက်မယ်လို့ပြောနေတယ်" and treatment with "ချောကလက်ရေခဲမုန့်တစ်ခွက်"

ThaeTheint2Thu

ngl, i rly miss him and wanna cry
الرد

ThaeTheint2Thu

"မီးမီးရေ စာကျက်လို့၊ ဒီတစ်ပုဒ်ရရင်မုန့်ဝယ်ကျွေးမယ်" and "ရော့ ရေခဲမုန့်"
الرد

ThaeTheint2Thu

Everyone said "move on, he already have a gf" but they dont know that he's a "skinကြောင့် စိတ်ညစ်စရာမလိုပါဘူး လရဲ့မျက်နှာပြင်မှာလည်း အဲ့လိုတွေရှိတယ်လေ ဒါပေမယ့် လကအမြဲလှတယ် မီးမီးရဲ့ဝက်ခြံတွေလည်းလှပါတယ်" ၊ "စာငါးပုဒ်မှားတယ် မရိုက်ချင်လို့ ထိုင်ထဆယ်ခါပဲလုပ်" ၊ "မဆူချင်ဘူး လိမ်လိမ်မာမာနေ" ၊ "ဒီတစ်ပုဒ်ရရင် မုန့်ဝယ်ကျွေးမယ်" boy

ThaeTheint2Thu

ရည်းစားရှိတဲ့လူကိုကြိုက်တာမဟုတ်ဘဲ ကြိုက်နေတုန်းရည်းစားရှိသွားတဲ့လူပါ၊ ဘယ်လိုစိတ်နဲ့ မချစ်ဘဲပြတ်သားနိုင်မှာလဲ၊ အချစ်ဦးဖြစ်ခဲ့တာလို့၊ အဲ့လူက ၁၃နှစ်အရွယ်ရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့လူ
الرد