TheintHlaing10085
我的肖宝贝今天33岁了❤ 生日快乐王一博的宝贝肖战ෆ. Happy birthdayပါကိုကို❤ အသက်33နှစ်ပြည့်ပြီဖြစ်တဲ့ကျွန်တော့်အသက်ကိုကို နေ့ရက်တိုင်းကျန်းမာပျော်ရွှင်ပြီး စိတ်ထဲတောင့်တသမျှအရာအားလုံးလက်၀ယ်ပိုင်ဆိုင်နိုင်ပါစေ ချစ်ရတဲ့၀မ်ကလေးနဲ့လည်း ရိုးမြေကျသက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေ ကိုကို့နားအတူတူရှိခွင့်ရပြီး မွေးနေ့ကျင်းပခွင့်ရခဲ့တာ အခုဆို5နှစ်တောင်ရှိပြီနော် ကျွန်တော့်အတွက်အချစ်ဆိုတာ ကြယ်ရောင်လိုတလက်လက်တောက်ပတဲ့ ယုန်မျက်သွယ်လေးရယ် ယုန်သွားလေးနဲ့ ပတ္တမြားလိုနီထွေးတဲ့နှုတ်ခမ်းပါးပါးလေးနဲ့အတူ ပနံသင့်နေတဲ့နှုတ်ခမ်းပါလေးအောက်ကမှဲ့နက်ကလေး ပိုင်ရှင်အကိုကြီးဖြစ်တယ်ဆိုတာ လူတိုင်းကိုပြောပြချင်ပါရဲ့ဗျာ မြတ်နိုးရလွန်းလို့Fangirl lifeထဲမ၀င်ဘူးလို့ဆုံးဖြတ်ထားတဲ့ကျွန်တော်က ကိုကိုနဲ့မောင့်အတွက်ကြောင့်နဲ့Fangirl life၀င်ခဲ့ရပါတယ်ဗျာ မသိခဲ့တဲ့အချိန်တွေအတွက်ကိုကို့ကိုတစ်နေ့ထက်တစ်နေ့ စက္ကန့်တိုင်းမှာပိုတိုးပြီး ချစ်မြတ်နိုးပေးမယ် နောင်နှစ်တွေအများကြီး အများကြီး ကိုကို့ဘေးနားမှာကောင်းကောင်းဆိုးဆိုး အမြဲအတူတူရှိသွားပါ့မယ် ကိုကို့ကိုသိခွင့်ရခဲ့ပြီး ချစ်ခွင့်ရခဲ့တဲ့ကျွန်တော့်အတွက် ဘုရားဆုချခဲ့တဲ့ဆုလာဘ်တစ်ခုပါဘဲ ကိုကို အသက်33နှစ်ပြည့်သွားပြီဖြစ်တဲ့ ကိုကို့ကို ကျွန်တော်က မပိုင်ဆိုင်နိုင်မှန်းသိပေမဲ့ လောဘတက်မိနေတုန်းကိုကို မွေးဖွားလာခဲ့ပေးလို့ကျေးဇူးတင်ပါတယ် ကိုကို ကျွန်တော့်ရဲ့အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုကတော့ ကိုကိုပျော်ရွှင်နေတဲ့အချိန်အတူပျော်ရွှင်ပြီး ကိုကို၀မ်းနည်းတဲ့အချိန်ကျွန်တော်ပါ၀မ်းနည်းမယ် ကိုကိုကကိုကိုချစ်မြတ်နိုးရတဲ့၀မ်နဲ့ ပျော်ရွှင်နေတဲ့အချိန် ကျွန်တော်က ကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးဖြစ်တဲ့ ကိုကိုနဲ့ကိုကိုမြတ်နိုးရတဲ့၀မ့်ရဲ့အပြုံးတွေကို ကျွန်တော့်ဘဝနေ၀င်ချိန်ထိငေးမယ် ကိုကိုရှိရာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ရောက်အောင်လာမယ် စကားတွေအများကြီးနဲ့တဖွဲ့တစ်နွဲ့ချစ်ကြောင်းပြောချင်ပေမဲ့ကျွန် တော့် ခေါင်းထဲကဒီလောက်ဘဲထွက်တယ်ရယ် ဒါပေမဲ့ ကျွန်တော်ကိုကို့ကိုအပြောချင်ဆုံးစကားလေးတစ်ခွန်းက ချစ်တယ် ကိုကိုအများကြီးအများကြီး❤ For My Sweetheart Zhan♡.