ThetNaungKhit
1995 12 30 ငါ့ အစ်ကို မွေးဖွားတဲ့နေ့ပေါ့ အကြိုက်ဆုံးဂဏန်း ရယ်လို့မရှိတဲ့ငါက ထို နံပါတ်လေးကို သိပ်ကို မြတ်နိုးရပါတယ် သိပ်ကို တန်ဖိုးထားရပါတယ် အစ်ကိုရဲ့ပက်သက်လာရင် ဂဏန်းလေးက အစ ငါ့အတွက် တန်ဖိုးဖြတ်လို့မရနိုင်တော့တာပဲ။ 26နှစ်အရွယ်ကို ရောက်လာခဲ့တဲ့အစ်ကို ငါ့မျက်လုံးထဲမှာတော့ အစ်ကိုဟာ ကလေးလေးတစ်ယောက်လိုပါပဲ သွားလေရာ ကို အိတ်ကပ်ထဲထည့်ထားပြီး ဘယ်သူ့မှ မမြင်အောင်ဖွက်ချင်ပေမယ့် အစ်ကို့ကို ဝိုင်းပြီးချစ်ပေးကြတာ မြင်ရင်လည်းပျော်နေပြန်ရော ငါမြတ်နိုးရတဲ့အစ်ကို ငါချစ်ရတဲ့ အစ်ကို့ကို အချစ်တွေအများကြီးပေးနေကြတာ မြင်ရင် ငါသိပ်ကို သဘောကျတယ် အစ်ကို။ ငါ့မွေးနေ့ရောက်ရင်တောင် မပျော်တဲ့ငါက အစ်ကို့မွေးနေ့ကို ရောက်ဖို့ ရန်ခုန်နေပြန်တယ်။ချစ်ခြင်းမေတ္တာ သိပ်ကိုထူးဆန်းပါတယ်။ အစ်ကိုက လွဲ ပြီး မသိတဲ့ငါ့ကို အစ်ကိုမြင်ရင် ရီနေမယ်ထင်တယ်။သိပ်ချစ်ရပါတယ် အစ်ကိုရယ်။ အစ်ကို့ကို မြင်ရင် ငါ ကိုယ်တိုင်တောင် သတိမထားမိပဲ ပြုံးနေမိပြန်တယ် အစ်ကို။ ပျော်ရွှင်မှုမရှိတဲ့ ငါ့ကမ္ဘာထဲ ပျော်ရွှင်မှု အနေ နဲ့ ရောက်လာပေးလို့ သိပ်ကို ကျေးဇူးတင်ရပါတယ်။ အစ်ကိုက ငါ့ပျော်ရွှင်နိုင်စေတဲ့ တစ်ခုတည်းသော ရပ်ဝန်းလေး။ ငါ့ရဲ့ အစ်ကို သိပ်ကို မြတ်နိုးရတဲ့ အစ်ကို မွေးနေ့မှ မဟုတ်ပဲ အစ်ကို့ရဲ့ နေရက်တိုင်းပျော်ရွှင်ပါစေ။ ဆုတွေ သိပ်မတောင်းတတ်ပေမယ့် အစ်ကို ပျော်ရွှင်ဖို့ ဘုရားရှင်ထံမှာ ငါအမြဲဆုတောင်းနေပါတယ်။ ငါ့ရဲ့အစ်ကိုက ဒီတိုင်းလေးပဲ ပျော်ရွှင်နေပေးပါ။ ချစ်တယ် အစ်ကိုရဲ့။