moethatthanzaw
သာသာရေ ပြိုင်မျဉ်းတစ်စုံကို တစ်ထိုင်တည်းဖတ်ခဲ့တာ အရမ်းကောင်းတဲ့ perfect ဖန်တီးမှုတစ်ခုပါ ဇာတ်လမ်းအစကနေ အလယ်လောက်အထိ သိချင်စိတ်တွေအပြည့်နဲ့ final part ကိုအရမ်းရောက်ချင်တာ တကယ့်သုံးပုံနှစ်ပုံလည်းချိုးရော ဇာတ်သိမ်းသွားမှာကိုကြောက်မိတဲ့အထိ အသေးစိတ်မပြောတတ်ပေမယ့် ဇာတ်ကောင်အကုန်လုံးရဲ့ခံစားချက်ကိုနားလည်မိပြီး မြတ်နိုးရပါတယ် တစ်ယောက်ပဲ နေဝန်းအဖေပေါ့ သူငယ်ချင်းရဲ့သားကိုတောင် အရိပ်တကြည့်ကြည့်ဂရုစိုက်ပေးနိုင်ခဲ့ပြီး(မိုးသားကမိဘတွေကိုဆုံးရှုံးရပြီး အားငယ်နေမှာစိုးလို့ကိုနားလည်တယ်ကွာ) မိဘနှစ်ပါးအသက်ရှင်ပေမယ့် မိဘတွေရဲ့နွေးထွေးမှုကိုငတ်မွတ်နေတဲ့ ကိုယ့်သားကိုတော့ သားအမည်ခံဖြစ်နေသလိုမကြင်နာလို့ အမြင်ကပ်မိတယ် ဇာတ်လမ်း plot ဇာတ်ကောင်တွေကိုသဘောကျရသလို စီးပွားရေးကျောင်းသူတစ်ယောက်အနေနဲ့ စီမံခန့်ခွဲရေးနဲ့ဈေးကွက်စီးပွားအကြောင်း တခြားလုပ်ငန်းသဘောတရားဆိုင်ရာအချက်အလက်တွေက ဗဟုသုတရစေခဲ့ပါတယ် တကယ်ပါ ကြိုက်လွန်းလို့ နောက်ထပ် extra အပိုင်းတွေ s2 တွေမျှော်လင့်မိပါတယ်
ThitKhattNyo
@moethatthanzaw သဘောကျတယ်လို့သိရတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊S2 တော့မရေးဖြစ်တော့ပေမယ့် အခါအခွင့်သင့်တိုင်း Extra လေးတွေထပ်ရေးပေးမယ်နော်၊အစ်မစာလေးတွေကို အချိန်ပေးပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်❤️
•
Reply