Thway_Ni1005
ကိုယ်..သွေးနီပါ။
          	လတ်တလော ကိုယ်ကျန်းမာရေး မကောင်းဘူးပေါ့နော်၊ ကိုယ်ကမျက်မှန်သမားပါ၊ ဒါပေမဲ့ မျက်မှန်မတပ်ဘဲနေနေတာ ဒီနှစ်အစထဲကဆိုတော့ လတော်တော်လေးကြာပါပြီ။ အကျိုးဆက်က ကိုယ့်အာရုံကြောထိခိုက်လာတာပါ။ ပြီးတော့ကိုယ်က ဖုန်းနဲ့စာရေးတာပါ၊ screen ကို အာရုံစိုက်ပါများတော့ အဲ့တာကလည်း ကြာတော့ထိလာပါတယ်။ စာရေးတဲ့ရက်ဆို ညဥ့်နက်သွားတာများပါတယ်။ ပြီးရင်မနက်အစောကြီး အလုပ်ပြန်သွားနဲ့ အိပ်ရေးမဝတာတွေရော ပေါင်းပြီး အခုတော့လဲပါပြီ။
          	ခေါင်းတစ်ခြမ်းထဲထိုးကိုက်နေပြီး ဇက်ကြောကြီးအုံနေတာ သုံးရက်လောက်ရှိပါပြီ။ ဆိုတော့ ကိုယ် update တွေအတွက် ကတိမပေးနိုင်တော့ပါဘူး။ ဖုန်းကြည့်တာလျှော့ပြီး သေချာအနားယူဖို့လည်း ဆရာဝန်ကသတိပေးလိုက်ပါတယ်။ သင်တန်းလည်းနားထားရတဲ့အထိပါပဲ။
          	အချိန်ဘယ်လောက်ရယ်လို့ မပြောတတ်ပေမဲ့ သေချာတာကတော့ ဒီလကုန်အထိတော့ ကိုယ် ဘာ update မှပေးနိုင်မယ် မထင်ပါဘူး။ လူကထဖို့တောင်အားပြတ်နေလို့ပါ။ ဖုန်းလည်းကြာကြာကြည့်ရင် ခေါင်းမူးပြီးအန်နေလို့ နားမှရပါတော့မယ်။ ဒါလေးလာအသိပေးတာပါ။ လုံးဝကောင်းမွန်သွားရင် update တွေအများကြီးနဲ့ ပြန်လာခဲ့ပါမယ်။ 
          	thwayni1005
          	ကိုယ်..သွေးနီပါ။
          	thwayni1005
WVae166
@Thway_Ni1005 အစစအရာရာဂရုစိုက်ပါနော်သွေးနီ အမြန်ဆုံးသက်သာပျောက်ကင်းပါစေရှင်
Reply
MapleNiLin
@Thway_Ni1005 သွေးနီရေ ဂရုစိုက်ပါ ကိုယ်လဲဒီရက်ထဲ အာရုံကြောရောင်လို့ ဆရာဝန်ပြနေရတာ အာရုံကြောသမားက အိပ်ရေးဝဝ အိပ်ဖို့လိုတယ် အာရုံစူးစိုက်ရတာတွေလဲလျှော့မှ ဖုန်းတို့ ကွန်ပြူတာတို့ စာကြည်တာတို့ လျှော့ပြီးနားမှ...မြန်မြန်ကျန်းမာပါစေ updateမျှော်နေပ့မယ်
Reply
KhinOo2006
@Thway_Ni1005 ဂရုစိုက်ပါသွေးရေ ကျန်းမာရေးကအဓိကပဲလေနော် 
Reply
ppkhine93
သွေးနီလေးရေ အရမ်းနေရခက်မှာပဲနော်-စိတ်အေးလက်အေးနဲ့သေချာ နားပါနော် အပြည့်ဝ ပြန်ကောဂ်းဖို့အတွက်
Another_AA
သွေးတို့နေရာမှာလိုင်းမကောင်းပြန်ဘူးထင်တယ်ಥ⁠╭⁠╮⁠ಥ
Another_AA
@Thway_Ni1005  Wishing you well❤♡  be good and take care of your sweet self♡♡
Reply
Thway_Ni1005
@Another_AA မဟုတ်ဘူး​နော် ကိုယ်​ကျန်းမ​ာ​ရေးမ​ကောင်းတာပါ မထနိုင်လို့
Reply