Tulip_kk
အဆင်မပြေခြင်းတွေ များလာတော့ ဘယ်အရပ်ကပွင့်မယ့် ပန်းကိုမှ ငေးမနေချင်တော့တာ
မေတ္တာငတ်နေတဲ့ အမျိုးသမီးလေ
ချစ်မေတ္တာတွေ တကယ်ရှိပါတယ်လို့ ကျွန်မက ပြောရအုံးမှာလား
မွန်းကြပ်လာတဲ့အခါတိုင်း ကျွန်မကလေ
တိမ်တွေကို ကြည့်လိုက်တာဘဲ
စိတ်အလိုမကျတိုင်း စိတ်တွေကို တိမ်တွေထဲ
ထိုးထည့်ပေးလိုက်တယ်
သူလည်း လွင့်ချင်ရာလွင့် ရွေ့ချင်ရာရွေ့ပေါ့
မကြိုဆိုချင်တဲ့ ရပ်ဝန်းတွေများလို့ ဒီနောက်တော့ ဘယ်ရပ်ဝန်းကိုမှ မတပ်မက်တော့ဘူး
အတတ်နိုင်ဆုံး မျှော်လင့်ချက်နည်းအောင်နေမယ်
မြတ်နိုးမိပါတယ်ဆိုရင် ရင်ဘတ်တွေနာရလို့လေ
တော်ပါပြီးပေါ့
ကျွန်မက သဘောကျပါတယ်ဆိုတဲ့ လူတွေနဲ့
ဒီတသက် ကင်းအောင်နေတော့မှာ ။
#ChueChue (Daffodils) #Rêveuse