UrHaniel
Hi ! Long time no see heez>.< Happy တဲ့ New Year ရောက်ခါနီးမှာ နှုတ်ဆက်စာအရှည်ကြီး လာရေးတာပါ ဘာလိုလိုနဲ့ နောက် 3 ရက်လောက်ဆို ဒီacc လေးဖွင့်တာ 1နှစ်ပြည့်ပါပြီ။ တကယ်က မနေ့တစ်ေန့ကလိုပဲ စာစရေးတဲ့ အချိန်ကို စဉ်းစားမိရင်••• ကိုယ့်လို ဘာမဟုတ်တဲ့ စာရေးသူ ပေါက်စလေးကို အလေးထားဖတ်ပေးကြတဲ့သူတွေကို တကယ်ကျေးဇူးတင်ပါတယ်။ ကတိတွေပေးပြီး မတည်နိုင်တဲ့အတွက်လဲ အားနာရပါတယ်။ 2024 က အားလုံးအတွက် ဘယ်လိုနှစ်ဖြစ်ခဲ့လဲ မသိပေမဲ့ Hani အတွက်တော့ ကိုယ့်ကိုကိုယ် သောက်သုံးမကျခဲ့ဘူးလို့ မြင်မိတဲ့နှစ်ပဲ။ 2025 မှာ ပိုကောင်းတဲ့ အရာတွေ ကြုံရဖို့တော့ မျှော်လင့်ပါတယ်။ အသက်တစ်နှစ် ပိုကြီးလာတာနဲ့ အမျှ ပခုံးမှာ ထမ်းရမဲ့ ဝန်တွေလဲ ပိုများလာပြီမလို့ စာရေးတဲ့ဘက်ကို လှည့်နိုင်မယ် မထင်တော့ပါဘူး။hani ကို စောင့်နေသေးတဲ့သူ တွေ ရှိသေးရင် တကယ် အားနာပါတယ်။ တန်းလန်းတွေလဲ တစ်ခုမှ လက်စ မသတ်နိုင်လို့ တောင်းပန်ပါတယ်။ ထပ်ပြီး စာရေးဖြစ်ဖို့လဲ သိပ်မသေချာတော့ပါဘူး။ အခွင့်အရေးရရင်တော့ ဒီ acc လေးမှာ စာတွေ ရေးပြီး တင်ချင်ပါသေးတယ်။ အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်တဲ့ဘဝတွေ ဖြတ်သန်းနိုင်ကြပါစေနော်။ Urhaniel