WangShee

စိတ်အနှောက်ယှက်ဖြစ်စရာမို့ အကယ်၍ စိတ်တိုင်းမကျဘဲ ဖတ်မိခဲ့သူတွေရှိရင်ရင် တောင်းပန်ပါတယ်။
          	
          	ပုံမှန်ဆို ဒီလို‌ဖွင့်ချဖို့အတွက် ဘယ်တုန်းကမှစိတ်ကူးမရှိတဲ့သူပါ။ အချိန်အကြာကြီးပျောက်နေပြီးမှ အခုလိုပုံစံနဲ့ရောက်လာတာက ရှက်စရာတော့ အတော်လေးကောင်းနေမယ်ထင်တယ်။
          	
          	နားထောင်ပေးမဲ့လူလဲမရှိသလို နားလည်ပေးနိုင်မဲ့သူလဲမရှိခဲ့လို့ ငိုနေမိတာပဲရှိပြီး တစ်ယောက်ယောက်တော့ ငါ့ကိုနားလည်ပေးနိုင်ပြီး တစ်ယောက်တည်းမဟုတ်ပါဘူးလို့ လိမ်ညာပြီးပဲဖြစ်ဖြစ် ပြောစေချင်ခဲ့တယ်။
          	
          	မကောင်းတဲ့ခံစားချက်တွေနဲ့ ပင်ပန်းပြီး မထူထောင်နိုင်တော့တဲ့လူတစ်ယောက်လိုဖြစ်နေခဲ့တာတွေက အဆုံးမသတ်နိုင်တော့တဲ့ လမ်းမရှည်ကြီးတစ်ခုလိုမျိုး‌ ဘယ်တော့မှမပြီးခဲ့ဘူး။ တစ်ရက်ပြီးတစ်ရက် အားလျော့ပင်ပန်းပြီး ဘာမှမဖြစ်သလို နေလာခဲ့တာတွေက မထိန်းနိုင်တော့တဲ့အချိန်ရောက်ရင် သူ့အလိုလိုမျက်ရည်ကျလာတယ်။ 
          	
          	အထိန်းအကွပ်မရှိပေမဲ့ ရှိုက်ကြီးတငင်တော့မငိုမိဘဲ  ရင်ထဲမှာပဲ ဆို့တက်နာကျင်နေတာမျိုး။ ဘာဆက်လုပ်ရမှန်းမသိသလို ဘာမှလုပ်စရာလဲမရှိပါဘူးလို့ တွေးမိပြန်တော့ တော်တော်ခံရခက်တယ်။
          	
          	ဘယ်အချိန်အထိ ဒီလိုပင်ပန်းနေရမှာလဲလို့ မေးစရာမရှိမဲ့အတူ သေသွားပါစေတော့လို့ ဆုတောင်းမိတယ်။ 
          	
          	လူရောစိတ်ပါ အပင်ပန်းရဆုံး နှစ်တချို့ကနေ အခုဆို ဘယ်အချိန်ထိရှိနေမလဲဆိုတာပါ ကြိုတင်တွေးထားရတဲ့ လေးပင်မှုတွေချည်းပါပဲ။ 
          	
          	
          	
          	

SummerYizhan21

@WangShee  ခက်ခဲပင်ပနိးတဲ့ အချိန်တွေကို တကယ် ကိုယ်ချင်းစာမိပါတယ် သာသာရယ် 
Reply

zuezue212

@WangShee ပြန်လာခဲ့ရင်တော့ စာဖတ်သူအနေနဲ့ အတိုင်းထက်အလွန်ပါ ဒါပေမဲ့ ပြန်လာခဲ့ရင်တောင် ပေါ့ပါးလန်းဆန်း‌ေပျာ်ရွှင်တဲ့ သူလေးပဲဖြစ်စေချင်ပါတယ် ဖြစ်မယ်လည်း ယုံပါတယ်ရှင်
Reply

Thinzara

@WangShee ကိုယ်ရောပဲကိုယ့်ကိုကို ကိုယ့်ဘဝကိုအားမရမှုတွေနဲ့အချိန်တိုင်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေခဲ့တာ အဲ့အားမရမှုတွေပင်ပန်းမှုတွေဘယ်တော့အဆုံးသတ်မလဲဆိုတာလည်းမသိဘူး  အဲ့တာကြောင့် အနည်းနဲ့အများပင်ပန်းမှုတွေရှိမှာမို့အားတင်းထားပါ အကောင်းဆုံးအချိန်တွေရောက်လာမှာပါ တစ်ယောက်တည်းဘယ်တော့မှမဟုတ်ပါဘူး အားလုံးအတူတူရှိနေပါတယ်
Reply

imcing

Hiiii... I hope youre doing welllll
          I dont know if youll see this but I wanted to send you a small message.Ive always loved ur Yizhan stories they brought me so much comfort, happiness ,u have a special way of writing that made me look forward to every update, even now, I still remember ur characters and the feelings ur stories gave me I know u said ur life was really tiring, and Im truly sorry that things were hard for you. I hope youve been taking care of yourself and finding a little more peace and strength every day.I just wanted to let u know that I miss u and ur writing.Not in a demanding way I only wish u happiness and rest.But if u ever come back, even just to say hi, it would make me really happyyyy
          Thank u for everything u shared 
          YOUR stories meant a lot to ME!!
          
          Take careeeeeeee!

WangShee

စိတ်အနှောက်ယှက်ဖြစ်စရာမို့ အကယ်၍ စိတ်တိုင်းမကျဘဲ ဖတ်မိခဲ့သူတွေရှိရင်ရင် တောင်းပန်ပါတယ်။
          
          ပုံမှန်ဆို ဒီလို‌ဖွင့်ချဖို့အတွက် ဘယ်တုန်းကမှစိတ်ကူးမရှိတဲ့သူပါ။ အချိန်အကြာကြီးပျောက်နေပြီးမှ အခုလိုပုံစံနဲ့ရောက်လာတာက ရှက်စရာတော့ အတော်လေးကောင်းနေမယ်ထင်တယ်။
          
          နားထောင်ပေးမဲ့လူလဲမရှိသလို နားလည်ပေးနိုင်မဲ့သူလဲမရှိခဲ့လို့ ငိုနေမိတာပဲရှိပြီး တစ်ယောက်ယောက်တော့ ငါ့ကိုနားလည်ပေးနိုင်ပြီး တစ်ယောက်တည်းမဟုတ်ပါဘူးလို့ လိမ်ညာပြီးပဲဖြစ်ဖြစ် ပြောစေချင်ခဲ့တယ်။
          
          မကောင်းတဲ့ခံစားချက်တွေနဲ့ ပင်ပန်းပြီး မထူထောင်နိုင်တော့တဲ့လူတစ်ယောက်လိုဖြစ်နေခဲ့တာတွေက အဆုံးမသတ်နိုင်တော့တဲ့ လမ်းမရှည်ကြီးတစ်ခုလိုမျိုး‌ ဘယ်တော့မှမပြီးခဲ့ဘူး။ တစ်ရက်ပြီးတစ်ရက် အားလျော့ပင်ပန်းပြီး ဘာမှမဖြစ်သလို နေလာခဲ့တာတွေက မထိန်းနိုင်တော့တဲ့အချိန်ရောက်ရင် သူ့အလိုလိုမျက်ရည်ကျလာတယ်။ 
          
          အထိန်းအကွပ်မရှိပေမဲ့ ရှိုက်ကြီးတငင်တော့မငိုမိဘဲ  ရင်ထဲမှာပဲ ဆို့တက်နာကျင်နေတာမျိုး။ ဘာဆက်လုပ်ရမှန်းမသိသလို ဘာမှလုပ်စရာလဲမရှိပါဘူးလို့ တွေးမိပြန်တော့ တော်တော်ခံရခက်တယ်။
          
          ဘယ်အချိန်အထိ ဒီလိုပင်ပန်းနေရမှာလဲလို့ မေးစရာမရှိမဲ့အတူ သေသွားပါစေတော့လို့ ဆုတောင်းမိတယ်။ 
          
          လူရောစိတ်ပါ အပင်ပန်းရဆုံး နှစ်တချို့ကနေ အခုဆို ဘယ်အချိန်ထိရှိနေမလဲဆိုတာပါ ကြိုတင်တွေးထားရတဲ့ လေးပင်မှုတွေချည်းပါပဲ။ 
          
          
          
          

SummerYizhan21

@WangShee  ခက်ခဲပင်ပနိးတဲ့ အချိန်တွေကို တကယ် ကိုယ်ချင်းစာမိပါတယ် သာသာရယ် 
Reply

zuezue212

@WangShee ပြန်လာခဲ့ရင်တော့ စာဖတ်သူအနေနဲ့ အတိုင်းထက်အလွန်ပါ ဒါပေမဲ့ ပြန်လာခဲ့ရင်တောင် ပေါ့ပါးလန်းဆန်း‌ေပျာ်ရွှင်တဲ့ သူလေးပဲဖြစ်စေချင်ပါတယ် ဖြစ်မယ်လည်း ယုံပါတယ်ရှင်
Reply

Thinzara

@WangShee ကိုယ်ရောပဲကိုယ့်ကိုကို ကိုယ့်ဘဝကိုအားမရမှုတွေနဲ့အချိန်တိုင်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေခဲ့တာ အဲ့အားမရမှုတွေပင်ပန်းမှုတွေဘယ်တော့အဆုံးသတ်မလဲဆိုတာလည်းမသိဘူး  အဲ့တာကြောင့် အနည်းနဲ့အများပင်ပန်းမှုတွေရှိမှာမို့အားတင်းထားပါ အကောင်းဆုံးအချိန်တွေရောက်လာမှာပါ တစ်ယောက်တည်းဘယ်တော့မှမဟုတ်ပါဘူး အားလုံးအတူတူရှိနေပါတယ်
Reply

PSKNPSKN

မင်းကတော်လေးကပထမongoingလိုက်တုန်းကသိပ်နားမလည်ဘူးနောက်တခါထပ်ဖတ်မှရင်ထဲကိုနင့်နေတာပဲကိုယ့်မှာမျက်ရည်ကျမိတယ်