XOH-YOH-ZOH
ပြောချင်နေတာကြာပြီ
ဖတ်နေတာက bl လေ၊ ယောက်ျားနှစ်ယောက်ကြားကအချစ်ကိုပုံဖော်ထားတဲ့ဝတ္ထုတွေ၊ အဲ့တော့ကြမ်းရမယ်၊ သန်သန်မာမာနဲ့ပြန်တိုက်ခိုက်နိုင်ရမယ်လေ၊ သူတောင်လုပ်နိုင်ရင်ငါလည်းလုပ်နိုင်တယ်ဆိုတာမျိုးကိုလိုချင်တာ။ သူလည်းယောက်ျား၊ နင်လည်းယောက်ျားပဲလေ။
သိတယ်မလား၊ blood နဲ့ lust နဲ့တွဲပြီးသာယာမှုယူတတ်တဲ့ယောက်ျားတွေပုံစံ။ (BDSM ကိုဆိုလိုချင်တာမဟုတ်၊ ဒါပေမယ့်အဲ့ဒါကိုလည်းကြိုက်တာပဲ) အဓိက main point ကအရမ်း weak ဖြစ်မနေဖို့ပဲလေ။ နောက်ပြီး ကိုယ်ဝန် တကားကား၊ ကလေးတွေမွေးတာ ငါ normal မဖတ်ချင်လို့ bl ဖတ်နေတာ ဘာလို့ ကိုယ်ဝန်ကြီးက ပါလာတာလဲ??? (Racist ခေါ်လို့ခေါ်လည်းခံရမှာပဲ၊ ကိုယ်ဝန်ဆိုတာ female ဆိုတဲ့ gender နဲ့ပဲသက်ဆိုင်တဲ့အရာတစ်ခု။ male တွေနဲ့လားလားမျှမဆိုင်။) နောက်ပြီးဘာလို့ shou တွေကအရမ်းပျော့ညံ့နေတဲ့ပုံနဲ့မျက်ရည်လည်ရွဲဖြစ်နေရတာတုံး??? တော်သေးတာပေါ့ အခုတလောအဲ့လိုဟာမျိုးတွေသိပ်မတွေ့ရတော့ဘူး။