နွေဦးထီထိုးဖို့ ငွေကြေးတတ်နိုင်သူတွေကလည်း ထိုးကြပါ။ ငွေတိုက်စာချုပ် (Bond) ဝယ်နိုင်သူတွေကလည်း ဝယ်ကူကြပါ။ နွေဦးထီထိုးဖို့ တစ်ဦးတည်းမနိုင်ရင် မိသားစုတွေ (စိတ်ချရတဲ့) စိတ်တူကိုယ်တူ သူငယ်ချင်းတွေ စုထိုးပါ။ ဘယ်လိုမှကို မတတ်နိုင်လို့ အကုန်မခံနိုင်ရင် Click to Donate တို့လို Website မျိုးတွေ ဝင် Click ပါ။ Play to Ditante လို Game မျိုးတွေ ဆော့ပါ။
တချို့ပြောကြတယ် ''click ဖို့ အချိန်မပေးနိုင်လို့ ငွေလှူလိုက်တယ်'' ဆိုတာမျိုး ရှိကြတယ်။ လှူပေးနိုင်တာအတွက် ဝမ်းသာဂုဏ်ယူပါတယ်၊ ဒါပေမယ့် click ဖို့ကလည်း လိုနေပါတယ်။ အကြောင်းက ပထမ တစ်လ ရတဲ့ငွေတွေက နောက်လကုန်မှ ရတာမျိုးပါ။ ပထမလမှာ သိန်းတစ်ရာရနေပေမယ့် နောက်လမှာ သ်န်းသုံးဆယ်ပဲရမယ်ဆိုရင် Google က ပေးရမယ့်ငွေတွေကို hold ထားလိုက်ပါတယ်။ ဒီအခါ ကြိုးစားခဲ့သမျှက အလကားတွေဖြစ်ကုန်ပြီး အရမ်းနစ်နာရပါတယ်။ ကိုယ် click တာတော့ သိန်းတစ်ရာမရှိပေမယ့် ကိုယ့်အားတွေကြောင့် သိန်းတစ်ရာထုတ်လို့ရမယ်ဆိုတာ ပီတိဖြစ်စရာပါ။ လှူနိုင်သူကလှူ၊ ကူနိုင်သူကကူ၊ click နိုင်သူက click၊ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် boycott ပစ္စည်းတွေ မသုံးနဲ့ ဒါဟာလည်း တော်လှန်ရေးရဲ့ အုပ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ခွင့်ပါပဲ။
အများကြီးထပ်မပြောတော့ပါဘူး၊ ကိုယ်တိုင်စဥ်းစားပေါ့၊ အနာဂတ်နိုင်ငံတော်သစ်တည်တဲ့အချိန် ငါ့ခွန်ငါ့အားတွေ ပါဝင်ခဲ့တယ်ဆိုတဲ့စိတ်နဲ့ ဂုဏ်ယူစွာအသက်ရှင်မလား၊ ဒလန် ဘောမတွေလို သိမ်ငယ်စိတ်နဲ့ မသေရုံတမည် နေထိုင်သွားမလားဆိုတာကို။
စာကြွင်း * Click တဲ့အခါ၊ Game ဆော့တဲ့အခါ VPN သုံးပြီး Location ကို US, UK, Canada စတဲ့ ငွေကြေးတန်ဖိုး ခိုင်မာတဲ့ Country Location တွေ ရွေးဆော့ပေးပါ။ မြန်မာပြည်ကနေ တစ်ချက် click ရင် Myanmar one point ရပါမယ်၊ US ကနေ တစ်ချက် click ရင် US one point ရပါမယ်။ ဒါကြောင့် Country သေချာရွေးဆော့သင့်ပါတယ်။ ဆော့နေချိန် Internet ဖွင့်ထားဖို့လိုပါမယ်။ နိုင်ဖို့ထက် ad များများဝင်ဖို့ အရေးကြီးပါတယ်။ ကြော်ငြာ များများကြည့်ပါ။ မနက်ပိုင်း ၁၅မိနစ်၊ နေ့လည်မိနစ်၊ ညနေ ၁၅မိနစ် တစ်ရက်ကို ၄၅မိနစ်လောက် ကိုယ်စီအချိန်ပေးကြရင် အများကြီးလည်း အားမစိုက်နေရပါဘူး။ မအလကသာ တိုင်းပြည်ကိုချယ်လှယ်နိုင်သွားရင် လုံးဝ စာဆက်မရေးတော့ပါဘူး။
ကျတော်တို့ရဲ့ ခြေလက်တွေခွန်အားတွေ အချိန်တွေနဲ့ အနာဂတ်နိုင်ငံတော်သစ်ကို ကိုယ်တိုင် ထုဆစ်ကြရအောင်ဗျာ။