Xian_227
Link to CommentCode of ConductWattpad Safety Portal
အားလုံးကိုအသိပေးစရာရှိလို့ပါ ကိုယ်အားမယ်ထင်ပြီး တစ်ပတ်တစ်ပိုင်းလျာထားပေမယ့်လည်း တကယ်လက်တွေ့ကျ အလုပ်ရောကျောင်းရောဆိုတော့ အချိန်မပေးနိုင်ဘူးဖြစ်နေပါတယ် အရင်ကလည်းပျောက်နေကြဆိုပေမယ့် အခုကသေချာလေးပြောချင်လို့ပါ ကိုယ်နှစ်နှစ်လောက် break ယူပါမယ်နော် ၊နှစ်နှစ်နားတယ်ဆိုတာက နှစ်နှစ်လုံးလုံးပျောက်သွားတာထက် အခုလိုပေါ့ ပေါ်လိုက်ပျောက်လိုက်မျိုးပါပဲ ၊ဘာကွာလဲဆိုတော့ ခါတိုင်းကအသိမပေးပဲပျောက်သွားပြီး အခုကသေချာအသိပေးတာပါ :) ဘယ်လိုအချိန်တွေပေါ်လာတတ်မလဲဆိုတော့ ရုတ်တရက်ပိတ်ရက်ကြုံတဲ့နေ့တွေဆိုရင်တော့ ပေါ်လာတတ်ပါလိမ့်မယ်။(ထိုင်ဝမ်က တိုင်ဖုန်းခဏခဏမိတော့ တစ်ခါတစ်လေကျကျောင်းတွေရုတ်တရက်ပိတ်ရတာမျိုး ၊အလုပ်တွေရုတ်တရက်နားရတာမျိုး အဲ့လိုရက်တွေပါ) အဓိကတော့ မိန်းမိန်းတို့ ကိုယ့်ကိုမျှော်မနေစေချင်တာပါ။ကိုယ်လည်း ဒီတစ်လောပျောက်တယ်ဆိုပေမယ့် အားသလိုလေး တစ်ပိုဒ်ဆိုတစ်ပိုဒ် ပြန်လိုက်စုလိုက် တစ်ပိုင်းပြီးရင်တင်ပေးလိုက်နဲ့ဆိုတော့ အာရုံက စာဘက်ရောက်လိုက် မရောက်လိုက် ဘာသာပြန်တဲ့ဘက်ကျတော့လည်း အပြည့်အဝအာရုံမစိုက်နိုင်နဲ့ (အာရုံမစိုက်နိုင်တာတကယ်ဆိုးတယ် ပြန်ပြီးလို့ဖတ်ကြည့်ရင် ဘယ်လိုပြင်ပြင်စိတ်တိုင်းမကျတော့ဘူး) မျောက်သစ်ကိုင်းလွတ်တော့မလို ဖြစ်နေလို့ပါ။ အမှန်တော့ physics ကို 6မှတ်နဲ့ကျလိုက်လို့ ကိုယ့်ကိုယ်ကိုတော်တော်ဒေါသထွက်သွားတာလည်းပါတယ်။ဒီWpဘက်အခြမ်းကို အလည်လာတာမျိုး ရှိနိုင်ပေမယ့်လည်း အသိပေးလိုက်ရမှ စိတ်ဒုန်းဒုန်းချပြီး စာဘက်လှည့်နိုင်မယ်ဆိုပြီး တွေးထားလို့ရယ်။အားလုံးကိုလည်း ချစ်တယ်နော်။အားလည်းနားရပါတယ်။

မိန်းမိန်းတို့ရေ ကိုယ် တစ္ဆေဘုရင်ကြီးupdate တင်တာနှစ်ခါရှိနေပြီ ကိုယ်ပြန်ဝင်ကြည့် တော့ ကြည့်လို့မရဘူးဖြစ်နေတယ်။တင်ပြီးပြန်ပြန်ပျောက်သွားတာ။မိန်းမိန်းတို့ ဆီ noti တက်ရဲ့လား။ကြည့်လို့ရရဲ့လား တစ်ချက်လောက် Xian ကျဲကို ပြန်ပြောပေးကြပါဦးနော်။
Xian_227
@White_Tulip85 ရှဲရှဲ ကိုယ်ဆီမှာ စစချင်း error တက်နေတာရယ်။ update တင်လိုက်မှပဲ ရတော့တယ်။
•
Reply
White_Tulip85
Update တွေကလာတော့လာအုံးမှာမလား?
Eiwaiphyoeiwaiphyo
စုန့်ချင်းဟန်နဲ့လုရင်ကျုံ လေးမျှော်နေပါတယ်
Xian_227
ကိုယ်အချိန်စာရင်းတွေဖယ်ထားပါပြီ ပြောချင်တာကတော့ တစ်ပတ်တစ်ပိုင်းလာပါမယ်လို့ ထိုင်ဝမ်လည်းရောက်ပါပြီ တစ်ပတ်လောက်တော့မနည်းနေသားကျအောင်လုပ်လိုက်ရပါတယ် တနင်္လာနေ့ညလာပါမယ်နော် ❤️
Xian_227
@YoonHlwarAung ဖြေထားပေးပါတယ်ရှင် စိတ်ရှည်လက်ရှည်သာ ဖတ်ပေတော့
Xian_227
Hello သာ့ကျားရေ ကိုယ်ပြန်လာပါပြီလို့ ၊ ဗီဇာအတွက်ရုံးဝင်ပြီးတာနဲ့ ချက်ချင်းကချင်ပြည်နယ်ပြန်သွားတာမို့ ပျောက်သွားရတာပါ။အခုက ကိုယ်လေယာဉ်တက်ဖို့ရက်နီးပြီမို့ ရန်ကုန်ပြန်ဆင်းလာပါတယ်။ကချင်ပြည်နယ်မှာ အားလုံးသိကြတဲ့အတိုင်း MPT ဖုန်းနံပါတ်ကို ကွက်ကျားလိုင်းမိတာကလွဲ ကျန်တဲ့ဆင်းကတ်တစ်ကတ်မှမရပါဘူးရှင်။အင်တာနက်ပြတ်နေတာတစ်လလောက်ရှိပါပြီ။ဒါကြောင့်ကိုယ်လည်း လိုင်းမတက်နိုင်ခဲ့ပါဘူးရှင်။အခုမှ ရန်ကုန်ရောက်တာဆိုတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးရင် ကိုယ်စာပြန်ရေးသွားမှာပါ။အမလေး လွမ်းလိုက်တာ တစ်လနီးနီး ဇာတ်ကားလိုက်ကူးတာကလွဲ ဘာမှ မလုပ်ခဲ့ရဘူး ༎ຶ‿༎ຶ။
Xian_227
ကချင်ပြည်နယ်ဖုန်းလိုင်းအကုန်ပြတ်နေလို့ပါ ကိုယ်ပျောက်သွားတာ အခုဗီဇာလုပ်ဖို့ဆင်းလာတာမို့ အခုမှလိုင်းပြန်ရပါတယ်သာ့ကျားတို့ရေ။
Xian_227
သာ့ကျားဟောင် ကိုယ်ပျောက်သွားတယ်ထင်မှာစိုးလို့ announceလာလုပ်တာပါ။ကိုယ်ကမပျောက်ပါဘူးရှင်။မအားတာပါ ၊ ကိုယ်ပြည်ထွက်ခါနီးနေပြီမို့ ဗီဇာအတွက်လောနေလို့ မအားတာပါရှင်။ကြားထဲဘာသာကပြန်နေပါတယ် ၊ ကိုယ်လည်းပြီးတာနဲ့တင်ပေးပါမယ်နော်❤️