Xiao_bing

မျက်ရည်ကိုသာ အဖော်ပြုခဲ့ရတဲ့ ငါ့ရဲ့ ညတွေ...  ဘယ်သူကသိမှာလဲ

Xiao_bing

ဘယ်အရာမှလေ ကိုယ်ပိုင်ဆိုင်ပါတယ်ဆိုပြီး ဖမ်းဆုပ်ထားလို့မရဘူး... အကြောင်းအမျိုးမျိုးနဲ့ လက်လွှတ်ဆုံးရှုံးရတာတွေ ချည်းပဲ... တခြားရုပ်ဝတ္ထုအရာတွေမပြောပါနဲ့... ကိုယ့်ကိုယ်ကိုတောင်မပိုင်ဆိုင်နိုင်ဘူး...ဥပမာ မငိုချင်လဲငိုရ... စိတ်မညစ်ချင်လဲ ညစ်ရ... ကိုယ်က ပျော်ချင်ပါတယ်ဆိုရင်တောင် ကိုယ်တိုင်မပျော်နိုင်ဘူး... ဘာတွေက တည်မြဲနေလို့လဲနော်... လက်လွှတ်ပေးရမှာချည်းပဲ 

Xiao_bing

ကိုယ့်အတွက် သူမဟုတ်ခဲ့
          သူ့အတွက်သာ ကိုယ်ဖြစ်ခဲ့တယ်
          
          ကိုယ့်အကြောင်းတွေနားထောင်ပေးမယ့်သူမဟုတ်ခဲ့
          သူ့အကြောင်းသာ နားဆင်ပေးခဲ့သူ ဖြစ်ခဲ့တယ်

Xiao_bing

​တွေးမိတယ် တကယ်လို့များ
          ငါမဟုတ်တဲ့ ငါနဲ့ အသွင်မတူတဲ့ 
          မိန်းကလေး တစ်ယောက်နဲ့တွေ့လာခဲ့ရင်
          ငါ့ကို ချစ်တာပိုပြီး နင်ချစ်လိမ့်မယ်ထင်တယ်
          ငါ မရဖူးတဲ့ အရာတွေကိုတောင် ပေးလိမ့်မယ်ထင်တယ်
          
          တွေးမိသေးတယ်
          အရာရာ သည်းခံခဲ့လို့များ
          သည်းခံဖို့က ငါ့တာဝန်တခုလိုများဖြစ်ခဲ့ရတာလားဆိုတာ
          တချက် နှစ်ချက်လောက် ဒဏ်ရာက မသိသာပေမဲ့လို့
          အချက်ပေါင်းများလာတော့နာကျင်လာရောဟ
          
          တွေ့းမိသေးတယ်
          အဆင့်အတန်း ဟားဟား အဲ့ဒီ အဆင့်အတန်းချင်းမတူလို့များ ငါတို့စရိုက်ချင်း မတူကြတာများလားလို့ 
          ငါက ဘာဖြစ်လို့ နင်ပြောသလိုတသွေမတိမ်းလိုက်နာပြီး
          နင့်ပုံစံအတိုင်း လိုက်နေရမှာလဲ... ချစ်သူ တစ်ယောက်ရတာနဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ဆုံးရှုံးလိုက်ရတော့တာပဲလား...  လွန်တယ်လို့မထင်မိဘူးလားဟမ်

Xiao_bing

ငါက မိန်းကလေးတစ်ယောက်
          ချစ်သူအပေါ်မှာ
          ဆိုးခွင့်မရခဲ့ဘူး
          ချွဲခွင့်မရခဲ့ဘူး
          နာကျင်ခဲ့ရတယ် 
          ငိုခဲ့ရတယ်
          နစ်နာအောင်ပြောခံခဲ့ရတယ်
          သည်းခံခဲ့ရတယ်
          နားလည်ပေးခဲ့ရတယ်
          အားနာခဲ့ရတယ်
          ထိတ်လန့်ခဲ့ရတယ်
          ကြောက်နေခဲ့ရတယ်
          မကြာခဏဒေါသတွေထွက်ခဲ့ရတယ်
          
          ပျော်ရွှင်ခဲ့တဲ့ ချိန်တွေ ဘယ်တွေရောက်ကုန်လို့စဥ်းစားမရတော့တာလဲ...
          
          ငါတကယ်ကို ပင်ပန်းလွန်းနေပြီ ...