Xiaobaobao111

အမရှိတယ် မပူနဲ့တဲ့
          	အမ အနားမှာတော့ သူတို့မရှိခဲ့ကြဘူးနော်

Xiaobaobao111

想你的晚上 窗外下的雨滴
          在迷濛的夜裡 想起都是你
          每次想起你 只能裝不在意
          該要怎麼證明 我愛你
          我愛你 也只能愛你
          我打開手機早已失去你的 失去你的 蹤影
          想你的時候
          你拉著我的手
          卻突然 說分手

Xiaobaobao111

မောင်နဲ့စကားအဆင်မပြေဖြစ်ရတဲ့ကိစ္စကိုသိလာရတယ်။ တကယ့်ကို မောင့်နေရာရောက်သွားသလိုပဲ။ တစ်ဖက်က အတင်းဖိမေး ကိုယ်ကရှင်းပြတာလဲ သူကနားမလည်၊ ကိုယ်ကလည်း အဓိကကို မရှင်းပြတတ်နဲ့ တော်တော်တိုင်ပတ်တာပဲ။
          
          တကယ်ကိုယ်ချင်းစာပါတယ်။ နောက်ဆို ညှိနှိုင်းဖို့ရယ်၊ သူများပြောတာကိုနားထောင်တတ်ဖို့ရယ်နဲ့ သူများဖြစ်ချင်တဲ့ဆိုလိုရင်းကိုပဲသိအောင်လုပ်ရမယ်။

Xiaobaobao111

Triggerဖြစ်တာလဲပါသေးတယ်။ သူများကတစ်မျိုးပြောတာ ကိုယ်ကတစ်မျိုးထင်ပြီး အထင်လွဲ ငါ့ကိုနှိမ်နေတယ်ထင် တော်တော်ဆိုးတာပဲ
Reply

Xiaobaobao111

လောကမှာ ကိုယ်စိတ်တိုင်းကျမရှိလောက်ဘူးနော်။ လူတွေနဲ့ဝေးကွာအောင် အဆင်မပြေအောင် စိတ်အားငယ်အောင် ကိုယ့်ဘာသာလုပ်နေမိသလိုပဲ။ တစ်ခါတစ်လေတော့လည်း ဆန်းကြယ်သား လူတွေဆီမှာ မရနိုင်တာကိုပဲရှာမိနေတယ်။ အားကိုးမိတယ်။ ရူးမလိုပဲ။ 

Xiaobaobao111

@Xiaobaobao111 အခုတော့သိပြီကွ
Reply

Xiaobaobao111

ဒီနေ့ ‌မောင့်အကြောင်းအိမ်မက်မက်ခဲ့ပါတယ်။ ပထမဆုံး အိမ်မက်ထဲမှာ မောင့်မျက်နှာကိုအတိအကျမြင်ဖူးတာပါ။ အရမ်းdetailဖြစ်လွန်းလို့ အိမ်မက်က အစစ်လို့တောင်ထင်ရပါတယ်။ မောင့်ကို မောင်လို့‌မခေါ်တာတောင်ကြာပြီနော်။ မရင်းနှီးတဲ့အရာလိုပဲ။ ဒီလိုနေ့တွေ မောင့်ကိုလွမ်းမိပါရဲ့။ တကယ်က မလွမ်းပဲနေရတာက လွယ်ပါတယ်။ ဒါပေမယ့် လွမ်းတဲ့အချိန်တွေမှာ အနားမှာတူတူမရှိပါလားဆိုတဲ့ အမှန်တရားကိုတော့ မေ့ဖျောက်ဖို့ခက်လှပါတယ်။ ကျွန်မ မောင့်ကိုမေ့ဖို့ကြိုးစားခဲ့ပါတယ်။ မေ့လဲမေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် နှလုံးသားကိုပိတ်ချပြီးနေလာရင်းသိလာရတာက မောင့်ကိုတစ်ရက်လေးတောင် မချစ်ဘဲမနေနိုင်ဘူးဆိုတာကိုသိခဲ့ရပါတယ်။  ကျွန်မရှက်လဲရှက်ပါတယ်။ အမြဲငြင်းနေတဲ့ မောင့်ကိုချစ်ပါတယ်၊ကြိုက်ပါတယ် မပြောရဲအောင် စိတ်အားငယ်ခဲ့ရတာမို့လို့ပါ။ ကျွန်မချည်းတစ်ဖက်သတ်ချစ်ခဲ့ရတယ်လို့ထင်ခဲ့တာမို့ မောင့်အနားကိုလည်း ပြန်မလာချင်ပါဘူး။ ချစ်ပေမယ့် နာကျင်ခဲ့ရပါတယ်မောင်

Xiaobaobao111

မောင်က လိုက်ခဲ့ပါဟုခေါ်တုန်းကလဲ  မောင့်ဘေးမှာကျွန်မပါသည်
          
          မောင်ကနေရစ်ခဲ့ဟုဆိုပြန်တော့လဲ မောင်အနှောင့်အယှက်ဖြစ်မည့် စာတစ်‌စောင်၊စကားတစ်ခွန်းမှ မောင်မကြားရစေဘဲ ကျွန်မငြိမ်သက်စွာနေရစ်ခဲ့တာ အမှန်ပါပဲ

Xiaobaobao111

အမှားဆုံးကတော့ မောင့်ကိုဘယ်လိုမှ မေ့မရ မုန်းမရခြင်းပင်တည်း....
Reply