YMAX006928
Link to CommentCode of ConductWattpad Safety Portal
စိတ်ရောလူရောပင်ပမ်းမှုဒဏ်တွေက
တော်တော်ပြိုင်းနေခဲ့ပြီ
အရာရာသတိထား ကြိုတင်ပြင်ဆင်နိုင်မှတော်ရာကျတဲ့ခေတ်မို့
အတွေးများသံဿယများတဲ့ငါ့အတွက်တော့
အိပ်ရေးပျက်ညတွေများလွန်းတယ်
YMAX006928
ငါ့အတွက် ငါ...
__________________
ပြစ်ပယ်ခြင်းတွေကြား
ကျောကော့လို့ ဖုတိဖက်ခါထွက်လာခဲ့တယ်
လောကဓံရဲ့ကြားမှာ
ကူခတ်လို့ ရုန်းကန်ရအုန်းမယ်
မပြေလည်မှုတွေအုံ
ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်
ကြောက်စိတ်တွေများ
မာန်မချပဲ ခေါင်မာမာဆက်တိုး
အနေသာဖို့အတွက်
အသာနေလို့မရတာ သိလာတော့
ပူပမ်းမှုတွေများ
နာကြင်မှုတွေပါ အံတုနိုင်လာတယ်
အကြောက်တရားတွေ
ဇွတ်တိုးပြီး တိုက်ထုတ်ချင်လာတယ်
အတွေးတွေထဲပိတ်မိသိမ်ငယ်တတ်တဲ့ငါ
Planတွေချပြီး အားယူတတ်လာတယ်
သူရဲဘောကြောင်တဲ့ငါ
လက်တွေ့ ရင်ဆိုင်ချင်လာတယ်
ပေါ့ပျက်နေတတ်တဲ့ငါ
လေးနက်ခြင်းတွေသာ နေရာယူလာပြီး
ရှင်သန်ရခက်ခဲတဲ့လောကကို
ခါးစောင်းတင် အံတုပြချင်ပါရဲ့
ရှုံးရမှာကြောက်တဲ့ငါ
အနိုင်ယူဖို့ သန်မာနေရမှာပေါ့
ငါ့အတွက် ငါပဲရှိတယ်လေ...
#12:06Am #21_7_2024 #Y
YMAX006928
စွဲ
ရေရေရာရာမရှိ ဝေဝါးမှုအတိနဲ့
ကြိုမဲ့စွန်ငယ်လို လေနှင်ရာလွင့်နေခဲ့တယ်
ကို့ဖြစ်တည်မှုတွေဟာ သူ့အတွက်ဘောင်ဝင်လှတယ်မဟုတ်
နက်နက်နဲနဲတွေးပြီး မက်မက်မောမောပေးဆပ်ခဲ့သည်
မျှော်လင့်ချက်နတ္ထိ ချစ်ခြင်းတွေအတိပေါ့
ပက်လက်လှန်တံတွေးထွေးသလို မျက်နှာပေါ်ပဲပြန်ကျခဲ့တယ်
မွန်းကြပ်မှုအတိပေါ့
တွဲလက်တွေမြဲစေဖို့ အရာရာအလျှော့ပေး
ဆွဲထားတဲ့လက်တွေအံသေလို့ ထုံထိုင်းလာခဲ့တယ်
ရင်ဘတ်တွေအောင့်မျက် မြိုချလို့နာကြင်နေမိ
အမှောင်ရိပ်ခိုကျတဲ့မျက်ရည် ကူကယ်ရာမဲ့နေတုန်းပါပဲ
အပြုံးပါးပါးနဲ့တန်ဆာဆင် ဟန်ပြင်လို့တတ်ကြွနေဆဲ
စစ်မှန်မှုတွေထဲ စိတ်နာခြင်းတွေမပါဝင်ပါဘူး
စိတ်ပျက်ရပေမယ့်ချစ်မြတ်နိုးဆဲပါ
တစ်ဖက်သက်ဆော့ကစား ပြစ်ချဖို့အချိန်တန်ခဲ့ပြီလား
နှလုံးသားနဲ့ရင်းနှီး ဆူးခတ်တွေနဲ့ကစားမိတဲ့အခါ
ခပ်ပါးပါးနာကြင်ရပေမယ့် တော်ဝင်နန်းထိုက်ပါတယ်
တယုတယ ထွေးဖက်ခွင့်မရတော့ရင်တောင်
လှလှပပသိမ်းဆည်းလို့ချိတ်ပိတ်ထားနိုင်ပါတယ်
ရယူခြင်းမပါတော့သလို သက်ဆိုင်မှုတွေရှိမနေတော့တဲ့နောက်
နောင်တတွေလဲရှိမနေခဲ့ပါဘူး
ယုံကြည်မှုတွေဟာ ဗလာသက်သက်
ခံစားမှုတွေဟာ နူးညံ့သိမ်မွေ့လျှက်
တမ်းတမ်းတတ သူပျော်ဖို့ကိုယ်နေခဲ့မယ်
မက်မက်မောမော အဝေကတော့ငေးကြည့်နေအုံးမှာ
ကို့ရဲ့ကြယ်လေ ဘယ်လောက်ထိတောက်ပလာလေမလဲပေါ့
သူ့ရဲ့ခလုတ်ကသင်းဟာ ကိုယ်ဖြစ်မနေတော့ဘူး
သူ့ရဲ့အနားမှာ အနွေးဓာတ်ပေးမယ့်သူဟာကိုယ်မဖြစ်နိုင်တော့ဘူး
ကြယ်လေးတွေကြွေ ဆုတောင်းတွေပြည့်ပေမယ့်
ကို့ဆုတောင်းပြည့်ဖို့ သူကြွေကျပေးဖို့ဆန္ဒရှိမနေသလို
သူကြွေကျပေးမှ ကိုယ့်ဆုတောင်းမပြည့်ချင်တော့ဘူး
သူ့ဆန္ဒနဲ့ဘဝထပ်တူကျစေဖို့ ကို့ဆန္ဒတွေစတေးပြစ်လိုက်မိတယ်
သူ့ကိုအရိပ်မိုးထားသူဟာကိုယ်ဖြစ်မနေချင်တော့ဘူး
ထွေထွေထူးထူး အပြစ်တင်လိုမှုနတ္ထိ
ခပ်ပါးပါးပြုံးမိဆဲပါ
တစ်ဖက်သက်ခံစားမှုတွေမြိုသိပ်မြုပ်နှံပြီး
မျက်စိစုံမှိတ် ငြိမ့်သက်စွာခံစားဖို့ရွေးချယ်လိုက်တယ်
ကော်ဖီတစ်ခွက်လိုခါးသက်ပေမယ်ဆိမ့်သက်နေဆဲပါ
စွဲလန်းဖို့မသင့်ပေမယ့် ဖြတ်တောက်ဖို့ခက်တယ်
အလိုလိုသိစိတ်က အကြိမ်ကြိမ်ရောက်ရောက်သွားတဲ့အခါ
နှစ်ခြိုက်စွာတစ်စိုက်မက်မက်ဆက်သောက်မိလိုက်တယ်
ခါးဆိမ့်ဆိမ့်ကော်ဖီခွက်ရနံ့လေးကအစစွဲမက်စရာပေါ့
#Y #3:12pm #10_1_2023
YMAX006928
မျှော်လင့်ချက်
++++++++++++
ဝေ့ယမ်းနေတဲ့ကျာပွတ်
ခါရမ်းနေတဲ့လေထုထဲသို့
စီးချက်ကျကျ
သံစဉ်လှလှဖန်တီးနေတယ်
အမြင်အာရုံပျောက်ဆုံးခိုက်
အကြားအာရုံထက်ရှနေခဲ့တယ်
အေးစက်တဲ့နှောင်ဖွဲ့ခြင်းတွေကြား
သခင့်အလိုကျကိုယ်ဟာလှပနေမှာပါ
ထက်ရှတဲ့စကားလုံးတွေနဲ့
သိမ်ငယ်စေမှုအတိ
ကူကယ်ရာမဲ့တဲ့ခံစားချက်ထဲလက်ပြစ်ကူး
ရူးရူးမိုက်မိုက်ရိုက်ခတ်လာမယ့်
ကျာပွတ်ရဲ့ပြစ်မှတ်ကိုမှန်းဆနေမိတယ်
အို...သခင်ရာယ်
လိုလိုလားလားလုပ်မိတဲ့ဖောက်ဖျက်ခြင်းတွေမှာ
ကျလာမယ့်ပြစ်ဒဏ်ဟာကို့အတွက်ရင်ခုန်စရာအတိပါ
ဆုပေးဒဏ်ပေးစနစ်ထဲ
မလိမ္မာတဲ့စိတ်ရိုင်းကို
ဖယောင်းစက်ချပြစ်ဒဏ်ပေးမှာလား
ရိုက်နှက်လို့အသိဝင်စေရမလားတဲ့
ဖြစ်နိုင်ရင်သခင့်ရဲ့အရာအားလုံးကိုလက်ခံချင်ပါတယ်
မြိုသိပ်ခြင်းတွေနဲ့ဆက်မနေချင်လို့
ဖက်နမ်းမိတဲ့သခင့်ခြေဖဝါးနုနုဟာ
ကြည်ဥလို့ရည်စူးပြစ်မှားချင်စရာအတိပါ
အရာအားလုံးဝါမြိုချင်မိပါသည်
ခံစားချက်မပါသည့်ခပ်မာမာမျက်နှာထားနဲ့
သခင့်အမျက်မာန်ဒေါသတွေအောက်မှာ
ကျွတ်ဆတ်ဆတ်နှလုံးသားတစ်ခုဟာ
ကွဲကြေမြေခမျှော်လင့်ချက်မဲ့ရပါသည်
ခံစားချက်တွေရှိမနေအမိန့်အောက်မှာ
နာခံမှုမရှိပဲပျော်ဝင်သွားမိတဲ့ကိုယ်
စွန့်ပြစ်ခံရမယ့်လမ်းသို့ဦးတည်နေပါပြီလား
မထောက်မညှာပြစ်ပယ်ကာစွန့်မပြစ်ရအောင်
အာခံခြင်းတွေနဲ့သာဖုံးကွယ်လို့ခံယူနေမိ
ရမယ်ရှာစရာမရှိလေတော့
အပြစ်ခံပြီးနွေးထွေးမှုပိစိလေးကိုလိုလားတောင်တမိပါသည်
စည်းကျော်မိသည့်ကျွန်ငမိုက်သား
အနည်းငယ်မျှသောအနွေးဓာတ်ကို
ခပ်ကြဲကြဲမျှစွန့်ကြဲလို့အသက်ဆက်ပေးခဲ့ပါ
အကျွန့်ရဲ့ချစ်လှစွာသောသခင်...
#Y #10:00 #24,11,22