Yaeyae22

သေသွားရင်ကောင်းမယ်
          	မနာကျင်ရဘဲနဲ့
          	ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲ???????

Yaeyae22

မင်းနဲ့ကိုယ် မနီးဘူး
          နီးဖို့လည်း ကိုယ်မကြိုးစားချင်ဘူး
          အစကတည်းက မနီးစပ်နိုင်တဲ့ အစွန်းနှစ်ဖက်အတွက်
          ကြိုးလေးတစ်ချောင်း ရှာဖွေဖို့
          ကိုယ်မကြိုးစားတော့ဘူး
          အဲဒီအစား မင်းကိုချစ်တဲ့ အချစ်တွေကိုပဲ ပိုကြီးထွားလာအောင် ပြုစုပျိုးထောင်ပေးမယ်
          ကိုယ် သိပ် တစ်ကိုယ်ကောင်းဆန်သွားလား?
          ကိုယ် သိပ်ပြီး သတ္တိကြောင်သလို ဖြစ်သွားလား?
          တကယ်တော့  ကြိုးလေးတစ်ချောင်းရဖို့ ကြိုးစားတာက 
          မင်းအတွက် သိပ်ကို နာကျင်စေမယ်ဆိုတာ ကိုယ်သိလို့ပါ
          မင်းကို မနာကျင်စေချင်တဲ့ ကိုယ့်ကို တစ်ကိုယ်ကောင်းဆန်ခွင့်လေးတော့ ပေးလိုက်ပါ
          ကိုယ် သတ္တိကြောင်လိုက်ပါရစေ

Yaeyae22

ကြယ်တွေရှိရာ အရပ်ကို မျက်နှာမူပြီး
          မင်းရဲ့ အကြောင်းတွေကို 
          လမင်းကြီးပါ သိသွားအောင် ပြောပြလိုက်ချင်တာ
          မင်းတော့ မသိစေရဘူးပေါ့......